Thursday, July 30, 2015

"ညစ်ညမ်း စာလုံးတွေ ပါဝင်တဲ့ အ၀တ်အစားကို ဘာကြောင့် ၀ယ်ယူကြသလဲ"


"ညစ်ညမ်း စာလုံးတွေ ပါဝင်တဲ့ အ၀တ်အစားကို ဘာကြောင့် ၀ယ်ယူကြသလဲ"

အာရှနိုင်ငံအချို့မှာ ညစ်ညမ်းစကားလုံးတွေ ပါဝင်တဲ့ အ၀တ်အစားတွေကို မိဘတွေက ကလေးတွေကို ၀တ်ဆင်စေမှုအပေါ် မေးခွန်းထုတ်မှုတွေ ရှိလာပါတယ်။

အချို့ကလေးငယ်တွေ ၀တ်ဆင်တဲ့ အ၀တ်အစားတွေမှာ ရေးထိုးထားတဲ့ စာလုံးတွေဟာ မြင်လို့မကောင်းအောင် ရိုင်းလွန်းနေတာကြောင့် ဒီလိုမျိုး ပေးမ၀တ်သင့်ဘူးလို့ ပြောဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အာရှဒေသက မိဘအများစုဟာ သားသမီးတွေကို အ၀တ်အစား ၀ယ်ပေးရာမှာ အရောင်နဲ့ ဒီဇိုင်းတွေကိုသာ ကြည့်လေ့ရှိပါတယ်။ အ၀တ်အစားမှာ ရေးထိုးထားတဲ့ စာလုံးတွေကို ကြည့်လေ့ မရှိပါဘူး။ အဓိက ပြဿနာက အာရှဒေသမှာ နေထိုင်သူ အများစုဟာ အင်္ဂလိပ် စကားလုံးရဲ့ အနက်အဓိပ္ပာယ်ကို မသိရှိကြပါဘူး။ ဒါကြောင့် အ၀တ်အစား ၀ယ်ယူရာမှာ အင်္ဂလိပ် စကားလုံးတွေကို အလေးထားလေ့ မရှိပါဘူး။

အကျိုးဆက်ကတော့ လူမြင်ကွင်းထဲမှာ ညစ်ညမ်း စကားလုံးတွေ ပါဝင်တဲ့ အ၀တ်အစားတွေကို ၀တ်ဆင်ခြင်း ဖြစ်ပါတယ်။ ဒီလိုဝတ်ရာမှာ ကလေးငယ်တွေသာမက အမျိုးသမီးတွေပါ ပါဝင်နေတာ တွေ့ရပါတယ်။ အချို့စကားလုံးတွေဟာ ရိုင်းစိုင်းလွန်းတာကြောင့် အ၀တ်အစား ထုတ်လုပ်သူတွေကို ဝေဖန်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်နိုင်ငံမှာ ဖခင်တစ်ဦးဟာ  F*** you pay me ဆိုတဲ့ စကားလုံးပါ ဦးထုပ်ကို သားဖြစ်သူကို ၀ယ်ပေးခဲ့ပါတယ်။ ဖခင်ဖြစ်သူက အင်္ဂလိပ်စာ မတတ်တာကြောင့် စာလုံးအဓိပ္ပာယ်ကို မသိခဲ့ပါဘူး။ ဒါပေမဲ့ ဒီစာလုံးတွေဟာ ဘာကို ဆိုလိုသလဲဆိုတာ သားဖြစ်သူက သိနေတာကြောင့် ဖခင်ဖြစ်သူရဲ့ ၀ယ်ပေးမှုကို ငြင်းဆိုခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို လူမှုကွန်ရက်မှာ ဖော်ပြတဲ့အခါ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဝေဖန်ဆွေးနွေးမှုတွေ ရှိလာခဲ့ပါတယ်။ နောက်ဆုံး အဖြေရှာကြည့်တဲ့အခါ အင်္ဂလိပ်စကားလုံး အနက်အဓိပ္ပာယ်ကို မသိရှိတာက အဓိက ပြဿနာ ဖြစ်ခဲ့ပါတယ်။ အ၀တ်အစား ၀ယ်ယူတဲ့အခါ ညစ်ညမ်းစလုံးတွေ ပါဝင်ပါက လုံးဝ မ၀ယ်သင့်ကြောင်း အကြံပြုမှုတွေလည်း ရှိခဲ့ပါတယ်

Credit: messenger

No comments:

Post a Comment