Monday, July 13, 2015
"အမျိုးသမီးတိုင်း မသိမဖြစ် ခြေဖဝါး နူးညံ့ပျော့ပျောင်းစေနည်း"
"အမျိုးသမီးတိုင်း မသိမဖြစ် ခြေဖဝါး နူးညံ့ပျော့ပျောင်းစေနည်း"
နူးညံ့ပြီး ချောမွတ်တဲ့ ခြေထောက်ဆိုတာ အမျိုးသမီးတိုင်းရဲ့ အင်္ဂါရပ်တစ်ခု ဖြစ်ပါတယ် သို့မဟုတ် ဖြစ်သင့်ပါတယ်။ အမျိုးသမီးများရဲ့ခန္ဓာကိုယ်အလှအပကို တိုက်ရိုက် ထင်ဟပ်စေတဲ့အပြင် သူမအနေနဲ့ ဒါကို ဂရုစိုက် မစိုက်ဆိုတာရယ်၊ ဘယ်လို ဂရုစိုက်နေလဲ ဆိုတာကိုပါ ထင်ဟပ်စေပါတယ်။ ဒါ့ကြောင့် မိမိအားလပ်ချိန်ထဲမှ အချိန်အနည်းငယ်ဖဲ့ပြီး ဂရုစိုက်ပေးဖို့ကလည်း လိုအပ်နေပြန်ရော။
ခြေဖဝါးဆိုတာ မကြာခဏ လျစ်လျုရှူခံထားရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းဖြစ်ပါတယ်။ ခြေဖနှောင့်ကွဲအက်ခြင်းအတွက် ရိုးရှင်းပြီး အကုန်အကျ သိပ်မများတဲ့ ဖြေရှင်းနည်းလေး တင်ပြချင်ပါတယ်။နို့ ၂- ၄ ခွက်ကို နွေးအောင်အပူပေးပြီးတာနဲ့ အဲဒီထဲ ခြေထောက်ကို ၅ မိနစ်ခန့် စိမ်ပေးရုံသာ ဖြစ်ပါတယ်။ ပြီးရင် စားဆိုဒါ (baking soda) ထည့်ပြီး သေသေချာချာ ပွတ်ထုတ်ပေးလိုက်မယ်ဆိုရင် အံ့အားသင့်ဖွယ် ရလဒ်တွေ တွေ့ရမှာဖြစ်ပါတယ်။
ပေါ်ထွန်း
Credit: Trend Myanmar
Labels:
အလှအပ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment