Monday, July 13, 2015

"ဆွဲဆောင်မှုကောင်းသူနဲ့ ချောသူ ဘယ်သူ့ကို ပိုကြိုက်သလဲ"


"ဆွဲဆောင်မှုကောင်းသူနဲ့ ချောသူ ဘယ်သူ့ကို ပိုကြိုက်သလဲ"

မိန်းကလေးတွေဟာ ကိုယ်ခန္ဓာအချိုးအစား ပြေပြစ်သူတွေထက် စိတ်ပိုင်းဆိုင်ရာ လှပဖို့ကသာလျှင် အရေးကြီးတယ်လို့ ထင်ပါတယ်။
ဒါပင်မဲ့ လောကကြီးမှာက ယောင်္ကျားတွေရဲ့ အမြင်ကတော့ ပြောစရာတောင် လိုတော့မယ်လို့ မထင်ပါ။

ကဲ ဘယ်သူ့ကို ပိုပြီး ကြိုက်သလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။

၁. ဆွဲဆောင်မှုကောင်းတဲ့ မိန်းကလေးကိုတော့ အဝေးကပဲ ကြည့်ချင်နေပင်မဲ့၊ ချောမောလှပတဲ့ မိန်းကလေးကိုတော့ အနားမှာနေစေချင်ပါတယ်။

၂. ဆွဲဆောင်မှုကောင်းတဲ့ မိန်းကလေးကတော့ အားကျစရာကောင်းပင်မဲ့၊ ချောမောလှပတဲ့ မိန်းကလေးကိုတော့ ကျေးဇူးတင်ပါတယ်။

၃. ဆွဲဆောင်မှုကောင်းတဲ့ မိန်းကလေးကတော့ အလှပြင်ဖို့ရန် အရေးကြီးပင်မဲ့၊ ချောမောလှပတဲ့ မိန်းကလေးကတော့ ရိုးရိုးလေးနဲ့ ကြည့်လို့ကောင်းပါတယ်။

၎. ဆွဲဆောင်မှုကောင်းတာက မျက်မြင်ကြည့်ပြီး ဆုံးဖြတ်ပင်မဲ့ တကယ်လှတယ်ဆိုတာ အတွင်းစိတ်နဲ့ ဆိုင်ပါတယ်။

၅. ဆွဲဆောင်မှုကောင်းတဲ့ မိန်းကလေးကတော့ ညို့အားကောင်းတဲ့ စကားလေးတွေက အရေးကြီးပင်မဲ့ ချောမောလှပတဲ့ မိန်းကလေးကတော့ ချစ်စရာကောင်းတဲ့ စကားပြောပုံက အရေးကြီးပါတယ်။

၆. ဆွဲဆောင်မှုကောင်းတဲ့ မိန်းကလေးကတော့ ခန္ဓာကိုယ်ကို အလေးထားပင်မဲ့ ချောမောလှပတဲ့ မိန်းကလေးကတော့ သန့်ရှင်းစင်ကြယ်သော စိတ်ဓာတ်ကို တန်ဖိုးထားသူပါ။

၇. ဆွဲဆောင်မှုကောင်းတဲ့ မိန်းကလေးကတော့ အသက်က အရေးကြီးပင်မဲ့ ချောမောလှပတဲ့ မိန်းကလေးကတော့ အသက်အရွယ်က သူနဲ့ မဆိုင်ပါ။

၈. ဆွဲဆောင်မှုကောင်းတဲ့ မိန်းကလေးကတော့ ယောင်္ကျားလေးတွေ အလိုကျ နေထိုင်တတ်ပင်မဲ့ ချောမောလှပတဲ့ မိန်းကလေးကတော့ ကိုယ့်အသွင်နဲ့သာ နေတတ်သူပါ။

၉. ဆွဲဆောင်မှုကောင်းတဲ့ မိန်းကလေးကတော့ တစ်ညတာ အချစ်ကို လက်ခံကောင်းလက်ခံနိုင်ပင်မဲ့ ချောမောလှပတဲ့ မိန်းကလေးဆိုတာ ထာဝရ လက်တွဲဖို့ကိုသာ စဉ်းစားနေသူပါ။

၁၀. ဆွဲဆောင်မှုကောင်းတဲ့ မိန်းကလေးဆိုတာ ခေတ်အလျောက်တူညီချက်တွေရှိနေပင်မဲ့ ချောမောလှပတဲ့ မိန်းကလေးဆိုတာ ကြည့်သူအပေါ်မူတည်ပြီး သူ့ရဲ့အလှတရားက ပြောင်းလဲနေမှာပါ။

၁၁. ဆွဲဆောင်မှုဆိုတာဟာ လိင်ပိုင်းဆိုင်ရာ အဓိပ္ပာယ်သက်ရောက်မှုရှိပင်မဲ့ ချောမောလှပတယ်ဆိုတာက ရိုးသားတဲ့ သဘောသဘာဝ ရှိနေမှာပါ။

၁၂. ဆွဲဆောင်မှုကောင်းတဲ့ မိန်းကလေးကိုတော့ ခဏတာ ပျော်ပါးမှုအတွက်သာလက်ခံပင်မဲ့ ချောမောလှပတဲ့ မိန်းကလေးကိုတော့ တသက်တာ တန်ဖိုးထားချင်ကြတာပါ။

၁၃. ဆွဲဆောင်မှုကောင်းတဲ့ မိန်းကလေးကတော့ Msg နဲ့ပဲပြီးသွားနိုင်ပင်မဲ့ ချောမောလှပတဲ့ မိန်းကလေးကိုတော့ သူအတွက် စာရေးပြီး ပို့ချင်တာပါ။



Credit: Chelmo Team

No comments:

Post a Comment