Friday, July 24, 2015
"ညအိပ်ချိန် သင့်အနီးအနားမှာ ဖုန်းအားသွင်းပြီး အိပ်ခြင်းဟာ သင့်ခန္ဓာကိုယ် အလေးချိန်ကို တက်စေ"
"ညအိပ်ချိန် သင့်အနီးအနားမှာ ဖုန်းအားသွင်းပြီး အိပ်ခြင်းဟာ သင့်ခန္ဓာကိုယ် အလေးချိန်ကို တက်စေ"
စပိန် သိပ္ပံပညာရှင်တွေက လက်ကိုင်ဖုန်း၊ တက်ဘလက်၊ ရုပ်မြင်သံကြားစက်တွေနဲ့ Laptop စတာတွေရဲ့မျက်နှာပြင်ကနေ ထုတ်လွှတ်တဲ့ အလင်းရောင်တွေဟာ အဝလွန်မှုကို ကာကွယ်ပေးတဲ့ ဟောမုန်းထုတ်လုပ်မှုကို တားဆီးတဲ့အကြောင်း ဆိုထားပါတယ်။
ဒါ့အပြင် အပင်တွေ၊ တိရိစ္ဆာန်တွေနဲ့ လူတွေမှာရှိတဲ့ အသားအရောင် ပြောင်းလဲစေတဲ့ ဟော်မုန်းဓာတ်ကြောင့် အိပ်တဲ့ပုံသဏ္ဍာန် ကန့်သတ် ထိန်းချုပ်ပေးပြီး အစာချေဖျက်မှုကိုလည်း မြင့်တက်စေပါတယ်တဲ့။ ကွန်ပျူတာကို ဖွင့်ပြီး အိပ်မယ်ဆိုရင် ဟော်မုန်းထုတ်လုပ်မှု အနှောက်အယှက်ဖြစ်စေပြီး အစာချေဖျက်မှုစနစ်ကို နှေးကွးစေတဲ့အပြင် အလေးချိန် သိသိသာသာ တက်လာစေမှာဖြစ်ပါတယ်။ ညဘက် သဘာဝမဟုတ်တဲ့ အလင်းရောင်ဟာ အစာချေဖျက်မှု စနစ်လည်ပတ်မှု နှေးကွေးလျော့နည်းစေပါတယ်။ တနည်းအားဖြင့် ခန္ဓာကိုယ်သွေးသား လည်ပတ်မှု သိပ်အလုပ် မလုပ်ဆောင်နိုင်ခြင်းပဲဖြစ်ပါတယ်။
ဒါပေမယ့် စိုးရိမ်တကြီးဖြစ်နေဖို့တော့ မလိုပါဘူး။ အားသွင်းထားသည်ပဲဖြစ်စေ၊ မသွင်းထားသည်ပဲဖြစ်စေ ဖုန်းကို အသုံးမပြုတဲ့အချိန်မှာ ပါဝါပိတ်ထားလိုက်ရင် အဆင်ပြေပါပြီ။
ပေါ်ထွန်း
Credit: Trend Myanmar
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment