Monday, July 27, 2015

"စုံတွဲတွေ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်စွာ ချစ်တယ်ဆိုတာကို တစ်ယောက်ဆံပင် တစ်ယောက်ညှပ်ပြီး ပြသလာကြ"


"စုံတွဲတွေ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်စွာ ချစ်တယ်ဆိုတာကို တစ်ယောက်ဆံပင် တစ်ယောက်ညှပ်ပြီး ပြသလာကြ"

အချစ်စစ်ဆိုတာ ယုံကြည်မှုကို ပြသခြင်းတစ်မျိုးပါပဲ။ လူတစ်ယောက်ကို ချစ်မိရင် သူ့ကို အလိုလို ယုံကြည်သွားမိသလိုမျိုးပေါ့။ ဒါပေမယ့် ကိုယ့်ဆံပင်ကို ပုံအပ်ပြီး ချစ်ပြတာမျိုးတော့ ကြားဖူးကြလိမ့်မယ် မထင်ပါဘူးနော်။

ဆံပင်က မျက်နှာသွင်ပြင်ကို ပြောင်းလဲစေတာမို့ တကယ့်ကို အရေးကြီးတဲ့အရာပါ။ ဆံပင်ပုံစံနဲ့ မျက်နှာ မလိုက်ဖက်ဘူးဆိုရင် ဘယ်လိုမှ ကြည့်ကောင်းမှာ မဟုတ်ဘူးလေ။ ဒါပေမယ့် သင့်ဆံပင်ကို ကိုယ့်ချစ်သူကို ညှပ်ခိုင်းပြီး သူ့ကို ဘယ်လောက်ယုံတယ်ဆိုတာမျိုးကတော့ နည်းနည်းများသွားပြီပေါ့။

BuzzFeed က ဗီဒီယိုတစ်ခုမှာ ကောင်မလေးတွေက သူ့ချစ်သူကောင်လေးတွေကို သူတို့ ဘယ်လောက်ချစ်ကြောင်း ပြဖို့ သူမဆံပင်တွေကို ကောင်လေးတွေစိတ်ကြိုက် ညှပ်စေသလို ကောင်လေးတွေကလည်း ကောင်မလေးစိတ်ကြိုက် ဆံပင်အညှပ်ခံခဲ့ကြပါတယ်။ ကဲ ဘယ်လိုသဘောရပါသလဲ။ ညှပ်ပြီးသွားတဲ့ အများစုကတော့ သူတို့အသစ်ညှပ်ထားတဲ့ ဆံပင်ပုံတွေနဲ့ တော်တ်ာလေး အဆင်ပြေနေကြတာ တွေ့ရပါတယ်။

ကဲ ရေစီးကြောင်းနောက်တစ်ခုက လူငယ်စုံတွဲတွေကြား ဘယ်လောက်ထိ ထပ်မံ ပျံ့နှံ့ဦးမလဲ စောင့်ကြည့်ရဦးမှာပေါ့။


မေသော်

Credit: Trend Myanmar

No comments:

Post a Comment