Monday, July 20, 2015
"သင် အလုပ်က ခေတ္တအနားယူသင့်ပြီဆိုတာ ပြနေတဲ့ လက္ခဏာများ"
"သင် အလုပ်က ခေတ္တအနားယူသင့်ပြီဆိုတာ ပြနေတဲ့ လက္ခဏာများ"
နေ့စဉ်လုပ်ငန်းခွင်မှာ ပုံမှန်လည်ပတ် လုပ်ကိုင်နေရတဲ့သူတစ်ယောက်ဟာ ဖျားချင်နာချင်လာပြီဆိုရင် သတိပြုမိနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် သင့်မှာ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေရှိလာပြီဆိုရင်တော့ သင် ချက်ခြင်း သတိပြုနိုင်ဖို့ခက်ခဲပါတယ်။ ငါနေမကောင်းဖြစ်ချင်တာလား၊ အလုပ်ပင်ပန်းလို့လား စတဲ့ မေးခွန်းပေါင်းများစွာနဲ့ အတွေးများနေတက်ပါတယ်။ အောက်မှာဖော်ပြမယ့် လက္ခဏာတွေဖြစ်ပြီဆိုရင်တော့ သင်ဟာ စိတ်ကိုခေတ္တအနားပေးပြီး အပန်းဖြေခရီး ထွက်ရမယ့်အချိန် ရောက်ပြီလို့ စိတ်ပညာရှင်တွေက ပြောထားပါတယ်။ ၂၀၁၁ ခုနှစ်က လူပေါင်း ၁၅၄၆ ဦးကို ပြုလုပ်ထားတဲ့စစ်တမ်းအရ အနည်းဆုံး လူသုံးဦးမှာ တစ်ဦးက စိတ်ပိုင်းဆိုင်ရာမွန်းကျပ်မှုတွေ နေ့စဉ် ရင်ဆိုင်ရလေ့ရှိပါတယ်။
၁။ သာမန်ဘာမဟုတ်တဲ့ ပြဿနာ အသေးလေးတွေက ပြဿနာ အကြီးကြီး ဖြစ်လာလေ့ရှိပြီဆိုရင် သင် အနားယူသင့်ပြီလို့ မှတ်ထားလိုက်ပါ။ ပြဿနာ အသေးစားလေးတွေကိုတောင် သင် ဖြေရှင်းနိုင်စွမ်းမရှိရင် အလုပ် ဆက်လုပ်မနေသင့်တော့ပါဘူး။ ခေတ္တအနားယူဖို့ လိုပါပြီ။
၂။ သင့်လုပ်ဖော်ကိုင်ဖက်တွေက မင်း အဆင်ပြေရဲ့လား၊ နေမကောင်းဘူးလားလို့ ခဏခဏ မေးလာပြီဆိုရင် ကိုယ့်ကိုကိုယ် ပြန်သတိထားကြည့်လိုက်ပါ။ တစ်ခါတလေမှာ ဘေးကကြည့်သူက အခြေအနေမှန်ကို ပိုမြင်လေ့ရှိပါတယ်။
၃။ လုပ်ငန်းခွင်အမှားဆိုတာတော့ လူတိုင်းနဲ့ ကင်းလေ့မရှိပါဘူး။ ဒါပေမယ့် ပုံမှန်မဟုတ်တဲ့ အမှားမျိုး ကျူးလွန်မိပြီဆိုရင် သင် သတိထားရပါတော့မယ်။ အမှားတွေဆက်တိုက် လုပ်မိနေတယ်ဆိုရင်လည်း သင် အနားယူဖို့ အချိန်ရောက်ပြီဆိုတာကို ပြသနေတဲ့ လက္ခဏာပါပဲ။
၎။ အလုပ်သာလုပ်နေရတယ် သင့်မှာ အလုပ်နဲ့ပတ်သတ်ပြီး စိတ်ခံစားချက်တွေ လျော့လာမယ်။ အလုပ်က ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေ မပေးနိုင်တော့ဘူး။ ဒီအလုပ်ပြီးရင် ထွက်လာမယ့်ရလဒ်ကို ရင်မခုန်တော့ဘူး ဖြစ်နေပြီဆိုလည်း ဒါဟာ သင် အနားယူသင့်ပြီဆိုတာ ယုံလိုက်ပါ။
ဒါကြောင့် အထက်ပါ လက္ခဏာတွေရှိနေပြီဆိုရင် သင့်မှာ စိတ်ပိုင်းဆိုင်ရာဖိအားတွေ ရှိနေပြီဆိုတာ သေချာသလောက်ပဲ။ သင် အလုပ်က ခေတ္တအနားယူသင့်ပြီး အပန်းဖြေခရီးထွက်ဖို့ အချိန်ရောက်ပြီလို့ ပြနေတဲ့ လက္ခဏာတွေပါ။
kyaw ko ko
Credit: Planet
Labels:
ဗဟုသုတ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment