Thursday, July 23, 2015

"ဖခင်ဖြစ်လာသော အမျိုးသားများ ကိုယ်အလေးချိန် မြင့်တက်လာနိုင်"


"ဖခင်ဖြစ်လာသော အမျိုးသားများ ကိုယ်အလေးချိန် မြင့်တက်လာနိုင်"

ကြီးကောင်ဝင်စအရွယ်မှ သက်လတ်ပိုင်းအရွယ်အထိ ကိုယ်အလေးချိန် တက်လာခြင်းကို ကျယ်ပြန့်သော လေ့လာမှုပြုလုပ်ရာတွင် မိသားစု၌ သားသမီးရလာချိန်တွင် အမျိုးသားများ ကိုယ်အလေးချိန် ပိုများလာကြောင်း လေ့လာတွေ့ရှိခဲ့ပြီး လူနေမှုဘ၀ပုံစံ ပြောင်းလဲမှုများ၏ ရလဒ်ဖြစ်နိုင်သည်ဟု သုတေသီများက ပြောသည်။

အိမ်ထောင်ကျခြင်းကြောင့် အမျိုးသားများ ကိုယ်အလေးချိန် ပိုများလာနိုင်သည်ဟု ယခင်လေ့လာမှုများက ဖော်ပြသော်လည်း ပထမဆုံး သားဦး၊ သမီးဦး ရလာချိန်တွင်လည်း ကိုယ်အလေးချိန် ပိုများလာနိုင်သည်။

ယင်းအချက်မှာ သားသမီးမရှိသူများအတွက် ဆန့်ကျင်ဘက်ဖြစ်ပြီး အသက်အရွယ်၊ ၀င်ငွေပမာဏနှင့် နေ့စဉ်လုပ်ဆောင်ချက်များကို ထည့်သွင်းစဉ်းစားစဉ် ကိုယ်အလေးချိန် လျော့ကျမှုများနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။

သိရှိထားကြပြီးဖြစ်သော အိမ်ထောင်ကျခြင်း၏ အကျိုးသက်ရောက်မှုများအပြင် ဖခင်ဘ၀က လူငယ်များ၏ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်နိုင်သည်ဟု ဒေါက်တာကရိုက်ဂါဖီးလ်က ပြောသည်။

ဖခင်တစ်ဦးအနေဖြင့် ကိုယ်အလေးချိန် ပိုများလာလေလေ နှလုံး၊ ဆီးချိုနှင့် ကင်ဆာရောဂါတို့ ဖြစ်ပွားနိုင်သည့် အန္တရာယ်များ ပိုများလာလေလေဖြစ်ကြောင်း သုတေသီများက ပြောသည်။

သုတေသီများက လေ့လာမှုတွင် ပါဝင်သူ ၁၀,၂၅၃ ဦး၏ ကြီးကောင်ဝင်စအချိန် ကြီးကောင်ဝင်စအရွယ် နောက်ပိုင်းအသက် (၂၀) စွန်းနှင့် (၃၀) စွန်း အရွယ်များ၌ ၎င်းတို့၏ ကိုယ်ခန္ဓာညွှန်းကိန်း (BMI) ကို ဖခင်ဖြစ်သူ၊ သားသမီးနှင့်အတူနေသူ၊ အတူမနေသူများ အဖြစ် ခွဲခြားလေ့လာခဲ့ခြင်း ဖြစ်သည်။

ပျမ်းမျှအရပ် ၆ ပေမြင့်သော အမျိုးသားတစ်ဦးသည် ၎င်း၏ ပထမဆုံး သားသမီးရလာပြီးနောက် ကိုယ်ခန္ဓာညွှန်းကိန်း BMI  သည် ၂ ဒသမ ၆ ရာခိုင်နှုန်း (သို့မဟုတ်) ၄ ဒသမ ၄ ပေါင် ပိုများလာကြောင်း လေ့လာတွေ့ရှိခဲ့သည်။

အိမ်ထောင်ကျပြီးနောက် အမျိုးသားတစ်ဦး၏ ကိုယ်အလေးချိန် ပိုများလာချိန်တွင် သားသမီးရလာပါက ကိုယ်အလေးချိန် ယင်းထက် ပိုလာကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။


—Ref: VPI

Credit: 7day daily

No comments:

Post a Comment