Monday, July 20, 2015
"နည်းပညာစွဲလန်းမှုက ဘာကြောင့် လူကို အထီးကျန်စေရသလဲ၊ ဒီစွဲလန်းစိတ်ကို ဘယ်လိုဖျောက်မလဲ ဆိုတာ"
"နည်းပညာစွဲလန်းမှုက ဘာကြောင့် လူကို အထီးကျန်စေရသလဲ၊ ဒီစွဲလန်းစိတ်ကို ဘယ်လိုဖျောက်မလဲ ဆိုတာ"
လူတွေကို ချိတ်ဆက်မှုရစေတဲ့ device ကိရိယာတွေဆိုတာ မိသားစုကို တသီးတခြားဖြစ်စေတဲ့ အရာတွေ ဖြစ်နေပြန်ပါတယ်။
ယနေ့မျက်မှောက်ခေတ်မှာ တခြားအရာတွေအတွက် ကိုယ့်ကိုယ်ကို အချိန်ပေးတာ များလွန်းနေကြပါတယ်။ သင်ဟာ အိမ်ပြန်ရောက်တဲ့အချိန်မှာ အပြေးအလွှားနဲ့ အင်တာနက်ရှေ့မှာသာ စိတ်ရှိလက်ရှိ ငြိမ်ထိုင်နေလိုက်ချင်ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်မိဘများအနေကျတော့ သားသမီးတွေနဲ့ လက်တွဲဖော်တွေကို သူတို့အတွက် တတ်နိုင်တဲ့အချိန်လေးတွေမှာ အမြဲရှိနေပေးတာကို လိုချင်ကြပါတယ်။ ကိုယ်နဲ့ ကိုယ့်မိသားစုကြား အတားအဆီးကို တမင်သက်သက် ထားချင်မှာတော့ မဟုတ်ကြပါဘူး။ ဒါ့အပြင် မိဘတွေအနေနဲ့ကျတော့လည်း ဖုန်းတွေနဲ့ အဆက်အသွယ်ရှိသမျှကို ခေတ္တရပ်ဆိုင်းပြီး ကိုယ့်သားသမီးတွေကို ကြည့်ရှုဖို့ လိုအပ်ပါတယ်။
ကျွန်ုပ်တို့ကို စိတ်စွဲနေစေတာ ဖုန်းမဟုတ်ပါဘူး။ ဒီအချက်ကို ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ လက်ခံထားတာကြောင့် ကျွနု်ပ်တို့ ထိုင်းမှိုင်း လေးကန်လာတဲ့အချိန်မှာ စိတ်ကသိကအောက် ခံစားကြရပါတယ်။ အေးအေးဆေးဆေးနေမယ် လုပ်တဲ့အခါမှာ မိမိစိတ်ရောဂါကြောင့် ကျွန်ုပ်တို့ ဗြောင်းဆန်ကြရပြန်ပါတယ်။
စိတ်အာရုံပျက်ပြားစေတဲ့ စွဲလမ်းမှုတွေ ပြင်းထန်လွန်းနေတာတွေကို ဘယ်လိုရပ်တန့်စေနိုင်မလဲ
ဖုန်းကို လက်ထဲချပြီး ကလေးတွေကို အဆက်အသွယ် လုပ်နိုင်ပါတယ်
အိပ်တဲ့အခါ ဖုန်းပိတ်ပြီး မိမိဘေးနားက လက်တွဲဖော်ကို ပွေ့ဖက် အိပ်စက်နိုင်ပါတယ်
အလုပ်တစ်ခုကို လုပ်တဲ့အခါမှာလည်း ဦးမော့ပြီး ပတ်ဝန်းကျင်က လူတွေနဲ့ မျက်လုံးချင်း အဆက်အသွယ် ပြုလုပ်နိုင်ပါတယ်။
ဘာလင် တံတိုင်းလည်း တစ်နေ့တည်းနဲ့ အပြီးတည်ဆောက်ခဲ့တာ မဟုတ်သလို ဒီအလေ့အကျင့်လည်း တစ်နေ့နဲ့တော့ ရမှာမဟုတ်ပါဘူး။ ဦးနှောက်အတွက် အလေ့အကျင့်သစ် တစ်ခုရဖို့ ၂၁ ရက် အချိန်ယူရတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် စိတ်ရှည်၊ သည်းခံမှု ရှိရမယ်လို့ ဆိုလိုတာလဲ ဖြစ်ပါတယ်။
Ref: yourtango
Credit: Trend Myanmar
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment