Monday, July 27, 2015
"သင့်ချစ်သူနဲ့ လမ်းခွဲသင့် မခွဲသင့် ဒီမေးခွန်း (၃) မျိုးက ဆုံးဖြတ်ပေးသွားနိုင်"
"သင့်ချစ်သူနဲ့ လမ်းခွဲသင့် မခွဲသင့် ဒီမေးခွန်း (၃) မျိုးက ဆုံးဖြတ်ပေးသွားနိုင်"
ချစ်သူနဲ့ လမ်းခွဲလိုက်ရတော့မှာလား၊ ဒါမှမဟုတ် ဆက်ချစ်သွားရမှာလား။ ကိုယ့်ကိုယ်ကို ဒီလိုမေးခွန်း မေးနေရပြီဆိုကတည်းက သင်တို့ချစ်သူနှစ်ဦးကြားမှာ အဖုအထစ်လေးတွေ ရှိနေလို့ပါ။ ဒါပေမယ့် လမ်းခွဲရလောက်အောင်ထိ ကြီးကျယ်တာ မဟုတ်ပဲ သင်ကိုယ်တိုင်က မခံစားနိုင် ဖြစ်နေတာမျိုးလား၊ ဒါမှမဟုတ် လမ်းခွဲသင့်နေပါရဲ့နဲ့ သံယောဇဉ်လက်ကျန်ကြောင့် သင်ဟာ ပူလောင်တဲ့ခံစားချက်တွေ ရင်ထဲထည့်ပြီး ရှေ့ဆက်နေရတာမျိုးလား။ ဒီတော့ ပြတ်ပြတ်သားသား တစ်ခုခု မဆုံးဖြတ်ခင် ကိုယ့်ကိုယ်ကို ဒီမေးခွန်း (၃) မျိုး အရင်မေးကြည့်လိုက်ပါ။
၁။သင့်ရဲ့ မသိစိတ်က ဘယ်လိုမျိုးဖြစ်နေသလဲ။
တစ်ခါတစ်လေ ကိုယ့်စိတ်က အလိုလို သိနေတယ်ဆိုတာမျိုး ခဏခဏ ပြောဖူးပါလိမ့်မယ်။ မသိစိတ်ကို သင် ယုံကြည်နိုင်ပါတယ်။ တစ်ခါတစ်လေ စိတ်ထဲထင့်နေတာ တကယ်ကြုံလိုက်ရတာမျိုးပေါ့။ ဒီတော့ ပထမဆုံး သင့်ကိုယ့်သင် မေးကြည့်ရမှာက ငါတို့ ရှေ့ဆက်သင့်သလားဆိုတာ ပြန်မေးကြည့်ပါ။ သင့်စိတ်ထဲ ထင့်နေပါသလား၊ ယုံကြည်ချက် ရှိနေသလားဆိုတာကိုပေါ့။
၂။နှစ်ယောက်သား အဆင်ပြေနေတာထက် မကြာခဏကို ရန်ဖြစ်နေရပါသလား။
ချစ်သူတွေ တစ်ဦးနဲ့တစ်ဥိး ကတောက်ကဆဖြစ်တာမျိုး၊ ငြင်းခုံရတာမျိုးတွေကတော့ ကြုံရမှာမို့ မထူးဆန်းပါဘူး။ ဒါပေမယ့် သင်တို့နှစ်ဦးကြား ပြသနာတွေက သေးရာကနေ အမြဲအကြီးကြီး ဖြစ်သွားတတ်ပြီး တစ်ပတ်မှာ ငါးရက်လောက် ပြသနာတက်နေတယ်၊ ညှိုနှိုင်းပေမယ့်လည်း အဆင်မပြေပဲ နားလည်မှု ပိုလွဲသွားတတ်တယ် ဆိုရင်တော့ သင့်အချစ်ရေးကို အဆုံးသတ်ဖို့ အချိန်ပါပဲ။
၃။သူ့ကို အမှတ်တွေပေးကြည့်ပါ။
ဒီအချက်ကတော့ သေချာလေး စဉ်းစားကြည့်ရမယ့် အပိုင်းပေါ့။ သူ့ကို တစ်ချက်ချင်းစီ အမှတ်ပေးကြည့်ပါ။ ဘယ်လိုအချက်တွေလဲဆိုတော့ သင်တို့နှစ်ဦးရဲ့အလုပ်အကိုင်ကို စဉ်းစားပါ။ ရေရှည်မှာ သူက ဘယ်လိုဆိုတာမျိုး စဉ်းစားပါ။ ပိုက်ဆံကိစ္စကိုလည်း မေ့ထားလို့မရပါဘူး။ စုဆောင်းဖြစ်တာ၊ သုံးစွဲဖြစ်တာ၊ အကြွေးတွေများနေတာ စသဖြင့်ပေါ့လေ။ ဘာသာရေးမှာရော ဘယ်လိုရှိလဲ။ အိမ်ထောင်ပြုမယ်ဆိုရင် ကလေးယူဖို့ မယူဖို့ အယူအဆကွဲပြားနေတာမျိုး ရှိသလား။ ဘယ်လိုပတ်ဝန်းကျင်မှာ နေထိုင်ချင်တာလဲ။ နှစ်ယောက်အတူ မက်နေတဲ့ အိပ်မက်မျိုးရှိသလား။ သူကရော စတင်အကောင်အထည်ဖော်နေပြီလား။ သူက ကိုယ့်ကို ကိုယ်ထိလက်ရောက် စော်ကားဖူးတာမျိုး ရှိသလား စတာတွေကို တစ်ချက်ချင်း အမှတ်ပေးသွားလိုက်ပါ။ အမှတ်က သင် ထက်တာထက် ပိုများနေရင်တော့ လမ်းခွဲတာထက် ညှိုနှိုင်းတာမျိုး ထပ်လုပ်ကြည့်သင့်ပါတယ်။
မေသော်
Credit: Trend Myanmar
Labels:
ချစ်မှုရေးရာ,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment