Monday, July 13, 2015

"လူငါးဦးတွင် သုံးဦးမှာ ကြီးမားသောလျှို့ဝှက်ချက် ကိုယ်စီရှိနေ"


"လူငါးဦးတွင် သုံးဦးမှာ ကြီးမားသောလျှို့ဝှက်ချက် ကိုယ်စီရှိနေ"

လူတိုင်းမှာ အနည်းဆုံး လျှို့ဝှက်ချက်တစ်ခုတော့ ရှိရမယ်ဆိုတဲ့စကားဟာ ဒီနေရာမှာတော့ သက်သေနဲ့တကွ ပြသနိုင်ခဲ့ပြီဖြစ်ပါတယ်။ မကြာသေးခင်က လုပ်ခဲ့တဲ့စစ်တမ်းတစ်ခုအရ လူသားငါးဦးမှာ သုံးဦးက ကြီးမားတဲ့လျှို့ဝှက်ချက် အနည်းဆုံး တစ်ခုဆီရှိတက်ကြတယ်လို့ ဆိုပါတယ်။ အဲဒီလျှို့ဝှက်ချက် ပေါက်ကြားသွားမှာကိုလည်း သူတို့က အလွန်စိုးရိမ်တက်ကြပါတယ်။

လူတိုင်းမှာ အနည်းဆုံး လျှို့ဝှက်ချက်တစ်ခုတော့ ရှိနေတက်တာကိုလည်း ဒီစစ်တမ်းက ဖော်ပြနိုင်ခဲ့ပါတယ်။ တစ်ချို့ဆိုရင် လျှို့ဝှက်ချက်ကို ၁၅ နှစ်နဲ့အထက် ထိန်းသိမ်းလာခဲ့တာမျိုးတွေတောင် ရှိပါတယ်။ လက်ထပ်ထားတဲ့ အိမ်ထောင်ရှင်ပဲဖြစ်ဖြစ် တစ်ကိုယ်ရေသမားပဲဖြစ်ဖြစ် လက်ရှိမိသားစု သို့မဟုတ် ချစ်သူနဲ့ ဆက်ဆံရေး မကောင်းတော့မှာကို ကြောက်ပြီး လျှို့ဝှက်ချက်တွေကို တစ်ယောက်တည်း ထိန်းသိမ်းထားလေ့ရှိကြပါတယ်။ အများစု လျှို့ဝှက်ထားတက်ကြတာကတော့ ငယ်စဉ်ကလေးဘဝမှာ စတိုးဆိုင်ကပစ္စည်းတစ်ခုခု အလစ်သုတ်မိခြင်း၊ ဒါမှမဟုတ် မူးရင်းကားမောင်းလို့ အဖမ်းခံရခြင်း စတာတွေဖြစ်ပါတယ်။

အများစု ကြောက်တက်ကြတာကတော့ သူတို့ထိန်းသိမ်းထားတဲ့ လျှို့ဝှက်ချက်ကို သူတို့ရဲ့ အနီးစပ်ဆုံးလူသားဖြစ်တဲ့ ချစ်သူ၊ သို့မဟုတ် အိမ်ထောင်ဖက် သိသွားမှာကို ဖြစ်ပါတယ်။ မိခင်တစ်ယောက်အနေနဲ့ ဆိုရင် လျှို့ဝှက်ချက်တွေ ထိန်းသိမ်းဖို့ ပိုတောင်မှ ဖြစ်နိုင်ချေရှိပါတယ်။ နောက်ထပ်လျှို့ဝှက်ထားတက်တဲ့ အရာတွေကတော့ မျက်နှာ ခွဲစိပ်ပြုပြင်မှုခံယူတာနဲ့ ဆေးလိပ်ခိုးသောက်တက်တာတွေပဲ ဖြစ်ပါတယ်။


Ref - dailymail

Credit: Planet

No comments:

Post a Comment