Tuesday, July 21, 2015
"မှန်ကြောင်လေးနဲ့ ကြိုက်ရင် အားသာချက်က ဘာလဲ"
"မှန်ကြောင်လေးနဲ့ ကြိုက်ရင် အားသာချက်က ဘာလဲ"
မျက်မှန်နဲ့ကောင်လေးကို ကြိုက်မိရင် ဘာတွေ အားသာချက် ရှိနိုင်သလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။
၁။ မျက်မှန် ခဏငှားလို့ရတယ်
ကိုယ်ကတော့ မျက်စိကောင်းလို့ မျက်မှန်တပ်စရာ မလိုပင်မဲ့ တခါတလေကျတော့ မျက်စိက ဝါးချင်သလို မှုံချင်သလို ဖြစ်တဲ့အချိန်မှာ သူ့မျက်မှန်ကလေးကို ခဏယူတပ်လိုက်တော့ အဆင်ပြေသွားတယ်။
ဒီလို အတွေ့အကြုံမျိုးကို မျက်မှန်တတ်တဲ့ ကောင်လေးကို ကြိုက်တဲ့သူတွေကြားမှာ ကြုံဖူးမှာပါ။
၂။ သူ့ကို အနိုင်ကျင့်လို့ရတယ်
အပြင်သွားနေတာပဲဖြစ်ဖြစ်၊ အိမ်မှာရှိနေချိန်ပဲဖြစ်ဖြစ် နှစ်ယောက်အတူတူရှိနေချိန်မှာ သူ့ကို မပြန်စေချင်သေးရင် သူ့မျက်မှန်လေးကို ဖွက်ထားလိုက်ရင် ဘာမှမမြင်ရတဲ့အတွက် ကိုယ့်ရဲ့အကြံ အောင်ပြီပေါ့။
၃။ ဖျက်စီးပြစ်နိုင်ပါတယ်
စိတ်ဆိုးတဲ့အခါမှာ သူ့ရဲ့မျက်မှန်ကို ယူပြီး ချိုးပြစ်လိုက်တယ်။ ဒီတော့ သူလည်း ငိုပေါ့။ နောက်ဆုံးတော့လည်း သူနဲ့အတူတူ မျက်မှန်သွားပြန်လုပ်ရတာပါပဲ။ ကုန်ကျစရိတ်လဲ ကိုယ်ပဲခံရတော့တာပါ။
၎။ သစ္စာရှိသူဖြစ်လိမ့်မယ်
မျက်မှန်တတ်ထားသူကတော့ သစ္စာရှိသူဖြစ်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့မျက်မှန်လေးကို အမြဲ သန့်ရှင်းရေးလုပ်နေပြီး တယုတယထားသူဆိုတော့ အချစ်ရေးမှာလည်း သစ္စာရှိသူ ဖြစ်ပါလိမ့်မယ်။
မျက်ကပ်မှန်တတ်သူကတော့ သုံးလို့မရတော့ရင် အမှိုက်ပုံးထဲဆိုတော့ စဉ်းစားသာကြည့်ကြပါတော့။
၅။ သူ့မျက်နှာ အမှန်ကို သိနိုင်တာ မင်းပါပဲ
မျက်မှန်တပ်ထားသူချစ်သူရဲ့ တကယ့်မျက်နှာလေးကို သိနိုင်သူကတော့ အခြားသူမဟုတ်ပါ မင်းလေးပဲဖြစ်မှာပါ။
Credit: Chelmo Team
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment