Friday, July 17, 2015
"Marilyn Monroe ပေးသွားတဲ့ အချစ်သင်ခန်းစာ ၅ ချက်"
"Marilyn Monroe ပေးသွားတဲ့ အချစ်သင်ခန်းစာ ၅ ချက်"
Marilyn Monroe ဆုံးပါးမှု နှစ် ၅၀ ပြည့် အနေနဲ့ သူမ ကျွန်မတို့ကို ဘာတွေသင်ပေးခဲ့တယ်ဆိုတာ ကျွန်မတို့ တစ်ချက်လောက် ပြန်ကြည့်လိုက်ရအောင်ပါ။ သူမ ဆုံးပါးမှု နှစ် ၅၀ ပြည့် အနေနဲ့ အချစ်သင်ခန်းစာငယ်လေးတွေ ရေးရင် ကောင်းမလားလို့ ကျွန်မစဉ်းစားမိတယ်။ ဒါပေမဲ့ ကျွန်မ ဘယ်လောက်များ ပိန်းလိုက်သလဲ။ Marilyn Monroe ကိုယ်တိုင် ၀င်ပြောခိုင်းလိုက်ရင် မကောင်းလား။ သူမ ဘ၀တစ်လျှောက် စကားတွေ အများကြီးပြောခဲ့တယ်။ သူမရဲ့ စကားလုံးတွေဟာ ယနေ့ထက်တိုင်ကို မှန်နေတုန်းပဲ။ Marilyn Monroe ကျွန်မတို့ကိုသင်ပေးခဲ့တဲ့ အချစ်အကြောင်း၊ ဘ၀အကြောင်းတွေထဲက အထင်ကရအဖြစ်ဆုံး အချက် ၅ ချက်လောက်ကို ပြန်ဖတ်ကြည့်လိုက်ရအောင်ပါ။
၁။ မင်း အချစ်ရေးမှာ မင်းဟာ ဘယ်လောက်ထိုက်တန်တယ်ဆိုတာ သိပါ --- မင့်အလေးချိန်နဲ့ညီမျှတဲ့ ရွှေနဲ့တောင် မင်းဟာ ထိုက်တန်ပါတယ်။
“ကျွန်မဟာ တစ်ကိုယ်ကောင်းဆန်တယ်၊ စိတ်မရှည်ဘူး၊ စိတ်လည်းမချတတ်ဘူး။ ကျွန်မ အမှားတွေလုပ်တယ်၊ ထိန်းချုပ်မှုမဲ့နေတဲ့ အချိန်မျိုးဆို ထိန်းလို့ကို မရတာ။ ဒါပေမဲ့ ကျွန်မရဲ့ အဆိုးဆုံးဆိုတာတွေကို ရှင် မထိန်းနိုင်ဘူးဆိုရင်၊ သေချာပါတယ်၊ ကျွန်မရဲ့ အကောင်းဆုံး ဆိုတာတွေဟာ ရှင်နဲ့ လုံးဝမထိုက်တန်လို့ပဲ။”
၂။ ဒါဆို လမ်းခွဲလိုက်ရင် ဘာဖြစ်မလဲ။ နက်ဖြန်ဟာ ပိုပြီးသာယာတဲ့ နေ့လေးဖြစ်လာမှာပေါ့။
“အရာအားလုံးက အကြောင်းရှိလို့ ဖြစ်တယ်ဆိုတာ ကျွန်မ ယုံတယ်။ လူတွေက ပြောင်းလဲကြတယ်။ ဒါ့ကြောင့် မှားနေတဲ့အရာတွေကို လက်လွှတ်တတ်ဖို့ သင်ယူရမယ်။ မှားနေတယ်ဆိုတာတွေဟာ သူတို့ မှန်ပါလားဆိုတာကို နားလည်တတ်ရမယ်။ အလိမ်အညာတွေကို ယုံကြည်မိတဲ့အတွက် ကိုယ့်ကိုကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ မယုံရဘူးဆိုတာကို တဖြည်းဖြည်း သင်ယူမိလာမယ်။”
၃။ အချစ်စစ်ဆိုတာ မဟာဆန်တာတွေချည်းပဲမဟုတ်ဘူး။ အသေးအမွှားလေးတွေဟာလည်း အချစ်စစ်ပါပဲ။
“မင်းရဲ့နဖူးလေးကို နမ်းပြီး ဒါမှမဟုတ် မင်းနဲ့မျက်လုံးချင်းဆိုင် ပြုံးပြပြီး မင်းကို ရင်ခုန်အောင် လုပ်နိုင်တဲ့ ယောကျာ်းဟာ ချစ်သူစစ်ပဲ။”
၎။ တစ်ခုခုလိုချင်တယ်ဆိုရင်၊ သူလုပ်ပေးတာစောင့်မနေနဲ့။ ကိုယ်တိုင်ဖန်တီး။
“သူမ လိုချင်တဲ့ ကမ္ဘာကြီးကို သူ တည်ဆောက်ပေးဖို့ ယောကျာ်းတစ်ယောက်ကို မျှော်လင့်ရတယ်ဆိုတာ မိန်းကလေးတစ်ယောက်အတွက် ဘယ်လောက်များ မှားလိုက်သလဲ။ အဲ့ဒီ့အစား ကိုယ်တိုင် ဖန်တီးလိုက်ပါတော့လား။”
၅။ ပထမဆုံးအကြိမ် မအောင်မြင်ခဲ့ဘူးဆိုရင်……
“ချစ်သူတွေအတွက်ကတော့၊ ကောင်းပြီ၊ သူတို့ဟာ လာမယ်၊ သွားလည်းသွားမှာပဲ။ ဒီမှာကလေး၊ ပြောတော့ မပြောချင်ပါဘူး။ သူတို့အများစုဟာလေ၊ တကယ်ဆိုရင် အားလုံးနီးပါးဟာလေ၊ မင်းရဲ့ အသည်းကိုခွဲသွားမှာ။ ဒါပေမဲ့ မင်း အရှုံးမပေးလိုက်ပါနဲ့။ အရှုံးပေးလိုက်ရင် မင်းရဲ့ ချစ်သူစစ်ကို မတွေ့ရတော့မှာမို့လို့။ တစ်ကြိမ် ကျရှုံးရုံနဲ့ အစစအရာရာ ကျရှုံးသွားတာ မဟုတ်ဘူး။ ဆက်ကြိုးစား၊ တောင့်ထား အမြဲတမ်း၊ မင်းကိုယ်မင်း အမြဲတမ်း ယုံကြည်ထား။ မင်းကိုယ်မင်း မယုံကြည်ထားရင် ဘယ်သူ လာယုံကြည်ပေးမလဲကွယ်၊ အချစ်လေးရယ်။ ဒါ့ကြောင့်၊ ခေါင်းကိုမော့၊ မေးစေ့ကိုကော့ထား။ အရေးအကြီးဆုံးက ပြုံးထား။ ဘ၀ဆိုတာ ပျော်စရာလေးမို့လို့ပါ။ ပြုံးပျော်စရာတွေ အများကြီးရှိသေးတယ်။”
အပြောလေးတွေ ကောင်းလိုက်တာ Marilyn ရယ်။
Ref:Your Tango
Credit: Trend Myanmar
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment