Saturday, July 11, 2015

"အပျိုကြီးများရဲ့ အားနည်းချက်များ"


"အပျိုကြီးများရဲ့ အားနည်းချက်များ"

၁- ရေချိုးပြီး သနပ်ခါးသွေးပေးမယ့်သူမရှိခြင်း
၂ အိပ်မက်ဆိုးများဖြင့် ညတရေးနိုးလန့်နိုးသော်... နှစ်သိမ့်ရာမရှိခြင်း
၃-အတင်းပြောသမျှ ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်ပေးမယ့်သူ မရှိခြင်း
၎-ဈေးဝယ်ထွက်ရာတွင် အထုပ်ပေါင်းများစွာကို ကိုယ့်အားကိုကိုး ဆွဲသယ်ရခြင်း
၅-အိမ်ကစက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းများပျက်လျှင် ဆိုင်သို့သာ ပို့ရ၍ ပိုက်ဆံကုန်ခြင်း
၆-နေရာတကာ မီတာဆောင်၊ ဖုန်းခွန်ဆောင် မိမိဘာသာသွားလာရခြင်း
၇-ဆရာလုပ်ခြင်း ပြောချင်တိုင်းပြောခြင်းကို နာခံမယ့်သူမရှိခြင်း
၈-အများတကာမှ သီတင်းကျွတ်တိုင်း မစားရသေးဘူးလား၊ ဘယ်တော့လဲ၊ စသဖြင့် ရိထေ့ငေါ့ခြင်းကို အောင့်သီးအောင့်သက်ဖြင့် ခံစားနားဆင်ရခြင်း
၉-အလှပြင်ပြီးတိုင်း ကြည့်ပြီး လိုအပ်ချက်ပြောပေးခြင်းကို မခံရခြင်း
၁၀-လကုန်တိုင်း ယောက်ျားအပ်သော အပိုပိုက်ဆံကို မရခြင်း
၁၁-သရဲကားကြည့်ပြီး ကြောက်တိုင်း ခေါင်းအုံးကိုသာ တင်းတင်းဖက်ထားရခြင်း
၁၂-ညောင်းညာတိုင်း အနှိပ်သည်ကိုသာ အားကိုးရခြင်း
၁၃-လိုင်းကားတိုးစီးရာတွင် အကာကွယ်မရရှိခြင်း
၁၄-ယောင်္ကျားလေးများ၏ မထိတထိစနောက်ခြင်းကို အပြင်သွားလာတိုင်း ခံရခြင်း
၁၅-နေမကောင်းသည့်အခါ ကူကယ်ရာမဲ့ခြင်း
၁၆- မိုးသည်းထန်စွာရွာပြီး မိုးခြိမ်းသည့်အခါများတွင် တယောက်တည်း စောင်ခေါင်းမြီးခြုံ ကြောက်လန့်နေရခြင်း
၁၇- အိမ်တွင်သူခိုးကပ်သည့်အခါ မအော်ရဲခြင်း
၁၈-ဘုရားသွားသည့်အခါ..အားမလိုအားမရ သူများတွေကိုသာ ငေးနေရခြင်း
၁၉-မင်္ဂလာဆောင်ဖိတ်စာ ရသည့်အခါများတွင် အားငယ်ခြင်းကိုခံစားရခြင်း
၂၀- သွားချင်ရာသွား..အိမ်ပြန်လာသည့်အခါ စိတ်ပူပန်စွာဖြင့် စောင့်မျှော်မည့်သူမရှိခြင်း
၂၁-အိမ်မှု့ကိစ္စများကို မိမိတယောက်တည်းသာ သိမ်းကြုံးလုပ်ရခြင်း
၂၂-မိဘများမှ ကလေးကဲ့သို့ နေရာမပေး ဆက်ဆံခြင်းကိုသာ တချိန်လုံး ခံရခြင်း
၂၃-မိုးရွာသည့်အခါ ထီးဆောင်းပေးမည့်သူ မရှိခြင်း
၂၄-မိမိလက်စွမ်းပြ ချက်ထားသမျှ ကောင်းလိုက်တာဟု... ချီးမွမ်းအားပေးမည့်သူ မရှိခြင်း
၂၅-ပွဲလမ်းဘဘင် ၊ အလှူအတန်းများတွင်.. အသိစုံတွဲများကြားတွင် တယောက်တည်း ယောင်နန ထိုင်နေရင်း.. မိတ်ဆက်ပေးစရာမရှိခြင်း
၂၆--ကားကို မိမိကိုယ်တိုင်သာ မောင်းနှင်သွားလာရခြင်း.
၂၇--မောင်ရေ.. ကိုကိုရေ.. ဟု ချွဲနွဲ့ပြီး အလိုရှိရာပစ္စည်းကို ပူဆာခွင့်မရခြင်း....၊
၂၈-မိမိပြက္ခဒိန်တွင် အထိမ်းမှတ်နေ့စွဲများ မရှိခြင်း၊ အထိမ်းအမှတ်လက်ဆောင်များ မရခြင်း
၂၉-စိတ်ညစ်၍ ငိုတိုင်း ချော့မည့်သူမရှိခြင်း
၃၀- တခြားမှာစိတ်ညစ်တိုင်း ရန်လုပ်စိတ်ကောက် ပေါက်ကွဲရန် လူမရှိခြင်း

:P

Credit: love irrawaddy

No comments:

Post a Comment