Thursday, July 9, 2015
"ပြတ်သွားတဲ့ ရည်းစားကို လွမ်းနေတာမျိုး မဟုတ်ပဲ သူ့အကြောင်း တွေးမိနေရခြင်းဟာ ဒီအချက် (၄) ချက် ကြောင့်သာ"
"ပြတ်သွားတဲ့ ရည်းစားကို လွမ်းနေတာမျိုး မဟုတ်ပဲ သူ့အကြောင်း တွေးမိနေရခြင်းဟာ ဒီအချက် (၄) ချက် ကြောင့်သာ"
ပြတ်သွားတဲ့ ရည်းစားဟောင်းကို ချစ်တာ လွမ်းတာမျိုး မရှိတော့ပေမယ့် သူ့အကြောင်းကို သင်မကြာခဏ တွေးမိနေပါသလား။ ဒီလိုတွေးမိလိုက်တိုင်းလည်း သူ့ကို သံယောဇဉ်ရှိလို့ ခုလို တွေးမိနေတာမဟုတ်မှန်း သင့်ကိုယ်သင်သာ အသိဆုံးပါ။ သူ့ကို လွမ်းလို့ ချစ်နေသေးလို့ မဟုတ်ပဲ သူ့အကြောင်း တွေးမိရခြင်းဟာ ဒီအရာတွေကြောင့်ပါပဲ။
၁။ သင်အထီးကျန်သလို ခံစားနေရတာကြောင့်ပါ။
ငါ့ဘ၀ကတော့ အရင်လို မဟုတ်တော့ဘူး။ တစ်ယောက်တည်း ဖြစ်သွားပြီ။ အရာရာကို တစ်ယောက်တည်း ဖြစ်သန်းရတော့မယ်ဆိုတဲ့ အထီးကျန်စိတ်ကြောင့်သာ သင် သူ့ကို သွားတွေးမိနေတာပါ။ သင့်ဘေးမှာသာ သင်နဲ့အတူ ရှိနေပေးမယ့် သူငယ်ချင်းတွေ၊ မိတ်ဆွေတွေရှိနေမယ်ဆို သင် သူ့အကြောင်း တွေးမိမှာ မဟုတ်တော့ပါဘူး။ သေချာပါတယ်။
၂။ သင်ပျင်းရိနေလို့ပါ။
ပျင်းရိခြင်းဟာ လူကို ပိုမိုတွေးတောစေနိုင်တဲ့ အချက်ပါ။ လုပ်စရာအလုပ်ကလည်းမရှိ ပျင်းရိနေမယ်ဆိုရင် အတွေးပေါင်း သောင်းခြောက်ထောင် ခေါင်းထဲဝင်လာပြီမှတ်ပါ။ ဒီလိုဖြစ်လို့ ရည်းစားဟောင်းအကြောင်း သွားတွေးမိတာကတော့ ထူးဆန်းတဲ့ဖြစ်ရပ် မဟုတ်တော့ပါဘူး။
၃။သင်တွေ့သမျှ၊ တွဲသမျှလူတွေထဲ သူပဲ အကောင်းဆုံးဖြစ်နေမလား သင်စိုးရိမ်နေလို့ပါ။
တစ်ခါတစ်ခါ လူ့စိတ်က တက်မက်မှု၊ အတ္တ၊ အစွန်းရောက်တဲ့စိတ်၊ ပိုင်ဆိုင်ချင်တဲ့စိတ်တွေ ရှိနေတတ်ပါတယ်။ သူ့ကိုဆုံးရှုံးသွားသည့်တိုင်၊ သူ့ကို မချစ်တော့သည့်တိုင် သူက ငါတွေ့ဖူးသမျှထဲမှာ အတော်ဆုံး၊ အတတ်ဆုံး၊ အချောဆုံး၊ ဖြစ်နေမလားရယ်လို့ တွေးပူနေတတ်တာမျိုးပါ။ နောက်တစ်ယောက်က သူ့လောက်တောင် ဖြစ်ပါတော့မလားဆိုပြီးတော့ပေါ့။
၎။သူနဲ့ပတ်သက်ပြီး ကုန်ကျခဲ့တာတွေ၊ အချိန်တွေကို သင် နှမြောနေမိတာပါ။
မပြတ်ခင်တုန်းက သင်တို့နှစ်ဦးဟာ စပ်တူစီးပွားရေးတွေ လုပ်ခဲ့တာမျိုးတွေ ရှိရင်၊ ဒါမှမဟုတ် သူ့အတွက် သင် စိုက်ထုတ်ပေးထားရတာမျိုးတွေရှိရင် သင် ဒါတွေကို နှမြောနေမိတဲ့အခါ သင်သူ့အကြောင်း တွေးမိပါလိမ့်မယ်။
ဟန်နီ
Credit: Trend Myanmar
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment