Thursday, July 23, 2015
"ကယ်လ်ဆီယမ်အဆင့်မြှင့်ဖို့ လုပ်သင့်တာတွေ"
"ကယ်လ်ဆီယမ်အဆင့်မြှင့်ဖို့ လုပ်သင့်တာတွေ"
ကျန်းမာသန်စွမ်းဖို့အတွက်ဆိုရင် ထုံးဓာတ် (ကယ်လ်ဆီ ယမ်) ဟာ အရေးကြီးတဲ့ သတ္တုဓာတ်ဖြစ်ပြီး အရိုးနဲ့ သွားကျန်းမာရေးအတွက် အဓိက ထောက်ကူပေးပါတယ်။ ကယ်လ်ဆီယမ်လိုအပ်ချက်ဟာ အသက်အရွယ်နဲ့ အမျိုးသား၊ အမျိုးသမီးပေါ်မူတည်တာကြောင့် အသက်ကြီးလာလေလေ ပိုလိုအပ်လာလေလေမို့ ခန္ဓာကိုယ်အတွက် ကယ်လ်ဆီယမ်အဆင့်မြှင့်ဖို့ လုပ်သင့်တာလေးတွေကို အကြံပြုချင်ပါတယ်။
နေ့စဉ်အစားအစာထဲမှာ မလိုင်ထုတ်ထားတဲ့ နွားနို့ (သို့) အဆီထုတ်နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ အားဖြည့်ကွေကာအုပ်၊ အာနိသင်ဖြည့်လိမ္မော်ရည်၊ ငါးသေတ္တာငါး၊ ပဲပိစပ်နဲ့ ပဲအမျိုးမျိုး စတဲ့ ကယ်လ်ဆီယမ် ကြွယ်ဝတာတွေ စားပေးဖို့ လိုအပ်ပါတယ်။
နံနက်စောစော နေရောင်ခြည်နဲ့ ၁၅ မိနစ်လောက် ထိတွေ့ပေးခြင်းကလည်း သဘာဝကနေ ဗီတာမင် ‘ဒီ’ ရစေတာမို့ နံနက်၁၀ နာရီနဲ့ ညနေ ၄နာရီကြား နေအပြင်းဆုံးအချိန်တွေကိုတော့ ရှောင်ရမှာပါ။ ဒါတင်မက ဗီတာမင် 'ဒီ’ ပါတဲ့ အသည်း၊ ဥအမျိုးမျိုး၊ ထောပတ်၊ မာဂျရင်း၊ ပုစွန်နဲ့ ကမာတို့ကိုလည်း စားပေးနိုင်ပါတယ်။
မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ ဒေါက်ခွရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ထောပတ်သီး၊ သခွားသီး၊ အစိမ်းရောင်ပဲများ၊ ဖရုံစေ့၊ နှမ်းစေ့၊ သီဟိုဠ်စေ့နဲ့ အယ်လ်မွန်စတာ တွေကိုလည်း စားပေးသင့်ပါတယ်။
နေ့စဉ် ကယ်လ်ဆီယမ်လိုအပ်ချက် ဖြည့်ဖို့အတွက် ကယ်လ်ဆီယမ်ဖြည့်စွက်ဆေး သောက်ပေးတာမျိုးလည်း လုပ်နိုင်ပါတယ်။ ကယ်လ်ဆီယမ်ဆေးက ဆေးပြား၊ ဆေးလုံး၊ ၀ါးစားနိုင်တဲ့ ဆေးပြား၊ ဆေးရည်၊ ဆေးမှုန့် စသဖြင့် ပုံစံမျိုးစုံရှိတာမို့ ကိုယ့်အသက်အရွယ်နဲ့ ဘယ်လောက်သောက်ဖို့ လိုအပ်လဲဆိုတာကို ဆရာဝန်နဲ့ သေချာတိုင်ပင်ဖို့ လိုအပ်ပါတယ်။ ကယ်လ်ဆီယမ်ဆေးကို အစာနဲ့အတူတူ စားတာပဲဖြစ်ဖြစ်၊ အစားစားပြီးရင်ပဲဖြစ်ဖြစ် သောက်နိုင်ပါတယ်။
ခန္ဓာကိုယ်က ကယ်ဆီယမ်စုပ်ယူတာကို အတားအဆီးဖြစ်စေတဲ့ ဆိုဒါသောက်တာမျိုးတော့ ရှောင်ရမှာပါ။ နောက်ပြီး တချို့သော သူတွေက နေ့တစ်နေ့ကို ကော်ဖီပြင်းပြင်းတစ်ခွက်နဲ့ အစပြုတတ်တာမို့ ဒီလိုအလေ့အထတွေကို စတင်ဖျောက်ပစ်ဖို့ လိုအပ်ပါပြီ။
အငန် အလွန်အကျွံစားတာကလည်း ကယ်လ်ဆီယမ်ဓာတ်ကို ဆုံးရှုံးစေနိုင်တာမို့ ဆားလျှော့စားဖို့လည်း အရေးကြီးပါ တယ်။
Ref:tophomeremedies.com
7day daily
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment