Friday, July 17, 2015

"အရသာတစ်မျိုးနဲ့ စားလို့ကောင်းပြီး ကျန်းမာရေးအကျိုးဖြစ်စေတဲ့ အသားညှပ်သခွားသီး"


"အရသာတစ်မျိုးနဲ့ စားလို့ကောင်းပြီး ကျန်းမာရေးအကျိုးဖြစ်စေတဲ့ အသားညှပ်သခွားသီး"

သခွားသီးရဲ့ လတ်ဆတ်ပြီး ပေါ့တဲ့ အရသာဟာ sandwich အဖြစ် ပေါင်မုန့်နေရာမှာ အသုံးပြုဖို့သင့်တော်ပြီး ကောင်းမွန်တဲ့ အစားထိုးပစ္စည်းတစ်ခုဖြစ်ပါတယ်။

သခွားသီးတစ်လုံးကို အလျားလိုက် ထက်ခြမ်းခြမ်းပါ။ သခွားသီး အရွယ်အစားပေါ် မူတည်ပြီး အလယ်သားကို နဂိုအနေအထားအတိုင်း ထားနိုင်တယ် သို့မဟုတ် တွင်းဖြစ်အောင် ကော်ခပ်နိုင်ပါတယ်။

သခွားသီးကို tuna salad လိုဟာမျိုး ထည့်ပေးဖို့ အကြံပြုချင်ပါတယ်။  သူ့ရဲ့စေးကပ်မှုက သခွားသီးနဲ့ ကပ်နေစေပါတယ်။ သခွားသီးလို စိုစွတ်တဲ့ အသီးအရွက်တွေသုံးဖို့ အရေးကြီးပါတယ်။

သခွားသီးက ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ ဒါ့ကြောင့် နဂိုအသားညှပ်ပေါင်မုန့်ထက် အကျိုးကျေးဇူး ပိုဖြစ်ရစေပါလိမ့်မယ်။ သခွားသီးပုံမှန်စားပေးတာ ဖောယောင်နာကျင်ခြင်းကို လျော့ကျစေတယ်၊ အစာခြေမှု အကူအညီဖြစ်စေတယ်၊ နှလုံးကို ကာကွယ်ပေးပြီး အသက်ရှူ လန်းဆန်းစေပါတယ်။


Ref: wb

Credit: Trend Myanmar

No comments:

Post a Comment