Friday, July 10, 2015
"အပြုံးလှလှ ပါးချိုင့်များရဲ့ နောက်ကွယ်"
"အပြုံးလှလှ ပါးချိုင့်များရဲ့ နောက်ကွယ်"
မျက်နှာမှာ ပါချိုင့်ပါတဲ့သူတွေက သာမန်လူတွေထက် ချစ်စဖွယ်ပိုကောင်းတယ်လို့ အများစုက လက်ခံထားကြပါတယ်။ ပါးချိုင့်ပါသူတွေရဲ့ အပြုံးဟာ သာမန်လူတွေထက် ပိုပြီးဆွဲဆောင်မှုရှိတာလည်း ငြင်းလို့မရပါဘူး။ ဒါပေမယ့် ပါးချိုင့်ဟာ ဘာကြောင့်ဖြစ်ရတာပါလဲ။
ဆေးပညာ သဘောတရားအရတော့ ပါးချိုင့်တွေဟာ ဓါတ်ချွတ်ယွင်းမှုကြောင့် ဖြစ်လာကြတယ်လို့ ဆိုပါတယ်။ အရေပြားနဲ့ အရိုးတွေကို ဆက်သွယ်ထားတဲ့ တစ်သျှူးမျှင်တွေ ပုံမှန်အတိုင်းမရှိလို့ ပါးချိုင့်ဖြစ်လာရခြင်းလို့ ဆေးပညာရှင်တွေက ဆိုပါတယ်။ မျက်နှာကြွက်သား ချို့တဲ့တာကြောင့်လို့လည်း ပြောနိုင်ပါတယ်။ ဒါကြောင့် ဆေးပညာသဘောတရားအရတော့ ပါးချိုင့်ရှိတာဟာ ကောင်းတယ်လို့ ပြောလို့မရပါဘူး။ ဒါပေမယ့်လည်း ပါချိုင့်ဟာ လူကို အန္တရာယ်ဖြစ်စေလောက်တဲ့ ဓါတ်ချို့တဲ့မှုမျိုးတော့ မဖြစ်စေလို့ စိုးရိမ်စရာမရှိပါဘူး။
ဓါတ်ချွတ်ယွင်းမှုကြောင့် ဖြစ်လာတဲ့ အချိုင့်ဟာ ပါးမှာပေါ်လာတဲ့အခါ ပါးချိုင့်လို့ခေါ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ကျောကုန်းအောက်ဘက် နေရာတွေမှာလည်း ဒီလိုအချိုင့်တွေ ဖြစ်နိုင်ပါသေးတယ်။ ပါးမှာမှ ပေါ်တာမဟုတ်ပါဘူး။ သင့်ရဲ့မေးစေ့မှာလည်း ဒီလိုအချိုင့် ဖြစ်နိုင်ချေရှိပါတယ်။
Ref - wikipedia
Credit: Planet
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment