Sunday, July 12, 2015

"သင်သုံးဖို့နဲ့ ထိုင်ဖို့ ရွေးချယ်လိုက်တဲ့ ထိုင်ခုံ၊ ပရိဘောဂတွေကို ကြည့်ပြီး သင့်အချစ်ရေး ဘယ်လိုရှိတယ်ဆိုတာ ခန့်မှန်းနိုင်"


"သင်သုံးဖို့နဲ့ ထိုင်ဖို့ ရွေးချယ်လိုက်တဲ့ ထိုင်ခုံ၊ ပရိဘောဂတွေကို ကြည့်ပြီး သင့်အချစ်ရေး ဘယ်လိုရှိတယ်ဆိုတာ ခန့်မှန်းနိုင်"

ကဲ သင်ထိုင်လိုက်တဲ့ ထိုင်ခုံ၊ ပရိဘောဂ အနေအထားတွေကိုကြည့်ပြီး သင့်အချစ်ရေး ဘယ်လိုအခြေအနေရှိတယ်ဆိုတာ ဘေးလူက ခန့်မှန်းနိုင်တယ်လို့ ပြောရင် သင်ယုံချင်မှယုံပါလိမ့်မယ်။ ဒီလေ့လာတွေ့ရှိချက်ကို Psychological Science ကနေ ဖော်ပြခဲ့တာဖြစ်ပြီး အခြေမခိုင်တဲ့ ထိုင်ခုံတွေ ထိုင်ခြင်းဟာ သင့်အချစ်ရေးကို ဘယ်လောက်ထိ ဆိုးနေတယ်ဆိုတာ ပြောပြနေသလိုပါပဲတဲ့။

Pittsburgh တက္ကသိုလ်နဲ့ Waterloo တက္ကသိုလ်က သုတေသီတွေက ကျောင်းသား ၅၄ ယောက်ကို အနေအထားကြံ့ခိုင်ပြီး တောင့်တဲ့ထိုင်ခုံ၊ စားပွဲခုံတွေ ဒါမှမဟုတ် နည်းနည်းလေး နဲ့နေတဲ့ထိုင်ခုံ၊ စားပွဲ စတာတွေကို အသုံးပြုပြီး သူတို့အချစ်ရေး ဘယ်လိုရှိတယ်ဆိုတာနဲ့ သူတို့အချစ်ရေးကို စိတ်ကျေနပ်မှုရှိမရှိ မေးမြန်းခဲ့ကြပါတယ်။ သူတို့အထဲမှာ သိပ်အခြေမခိုင်တဲ့ ပရိဘောဂကို သုံးတဲ့သူတွေဟာ သူတို့သံယောဇဉ်ကြိုး သိပ်မမြဲတဲ့အကြောင်း ဖွင့်ဟခဲ့ပြီး အချစ်ရေးနဲ့ပတ်သက်ပြီး မလုံခြုံသလို ခံစားနေရတယ်လို့ ဆိုသွားကြပါတယ်။

နောက်ထပ်လေ့လာချက်တစ်ရပ်မှာတော့ လူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်ကရော သူတို့ကို ဘာတွေဖြစ်စေတယ်ဆိုတာ မေးမြန်းခဲ့တာပါ။ ကောလိပ်ကျောင်းသား ၁၂၉ ကို အစီအစဉ်သေချာချပြီး ခွဲတာမျိုး မဟုတ်ပဲ အဖွဲ့နှစ်ဖွဲ့ခွဲလိုက်ပါတယ်။ ပထမတစ်ဖွဲ့ဟာ တည်ငြိမ်ကောင်းမွန်စွာ ထိုင်ဖို့ခက်ခဲတဲ့ ထိုင်ခုံတွေမှာ ထိုင်လိုက်ကြတာကိုတွေ့ရပြီး နောက်တစ်ဖွဲကတော့ ထိုင်ရတာလုံးဝငြိမ်ပြီး ခိုင်ခန်တဲ့ ထိုင်ခုံမျိုးတွေကို ရွေးချယ်ခဲ့ကြပါတယ်။ ထူးခြားချက်က အဲ့ဒီနှစ်ဖွဲ့ရဲ့ အချစ်ရေးကို မေးကြည့်တော့ ဒုတိယအဖွဲ့ရဲ့ အချစ်ရေးစိတ်ကျေနပ်မှုက မြင့်မားနေတာကို တွေ့ရပါတယ်။

ကဲ သင်ဆိုရင်ရော ဘယ်လိုထိုင်ခုံနဲ့ စားပွဲတွေကို ရွေးချယ်လိမ့်မလဲ။

Ref:womenshealthmag
ဟန်နီ

No comments:

Post a Comment