Tuesday, July 14, 2015
"အရသာလည်းထူး၊ ဆေးလည်းဖြစ်တဲ့ ဖရဲသီးဖျော်ရည်"
"အရသာလည်းထူး၊ ဆေးလည်းဖြစ်တဲ့ ဖရဲသီးဖျော်ရည်"
ဖရဲသီးဟာ လတ်ဆတ်တဲ့ အကောင်းဆုံး သဘာဝ အစားအသောက်တစ်ခု ဖြစ်ပါတယ်။ ဖရဲသီးရဲ့ထူးခြားအံ့သြဖွယ်ကောင်းတဲ့ အရသာကို မနှစ်သက်သူ တစ်ဦးတစ်ယောက်မှ မရှိပါဘူး။ ရေဓာတ်မြင့်မားစွာ ပါဝင်ခြင်းကြောင့် နွေရာသီကာလမှာ ခန္ဓာကိုယ် ရေဓာတ်ခန်းခြောက်မှုအတွက် အလွန်ကောင်းမွန်ပါတယ်။ ဖရဲသီးမှာ ဗီတာမင်-အေ၊ စီနဲ့ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်စတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် ပေါကြွယ်ဝပါတယ်။ Antioxidant များစွာလည်း ပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးအတွက် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒါ့ကြောင့် အရသာလည်းရှိ၊ ကျန်းမာရေးနဲ့လည်း ညီညွတ်ကာ ခန္ဓာကိုယ်တစ်ခုလုံး အကျိုးဖြစ်စေမယ့် ဖရဲသီး ဆေးနည်း အကြောင်း တင်ဆက်ပေးပါမယ်။
ဖရဲသီးခွံအတွင်းပိုင်းကို ဖြတ်ယူပြီး အန်စာတုံးပုံဖြစ်အောင် လှီးပါ။ အဲဒီလှီးထားတဲ့ အန်စာတုံးပုံ ဖရဲသီးအသားများကို သစ်သီးဖျော်စက်ထဲထည့်၊ ရေခဲရောပြီး ကောင်းစွာ ရောသမမွှေပါ။ ရလာတဲ့အရည် အရမ်းပျစ်နေရင် ရေအနည်းငယ်ပေါင်းထည့်ပါ။ ပိုမိုကောင်းမွန်တဲ့ အရသာလေးလိုချင်ရင် မိမိစိတ်ကြိုက် စမ်းသပ်ပြုလုပ်ကြည့်နိုင်ပါတယ်။ လတ်ဆတ်တဲ့ ပူစီနံ သို့မဟုတ် ရတ်စဘယ်ရီ၊ စတော်ဘယ်ရီ၊ ဘလတ်ဘယ်ရီ၊ သို့မဟုတ် လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ သံပုယိုရည် ကြိုက်တာ ထည့်နိုင်ပါတယ်။
ပေါ်ထွန်း
Credit: Trend Myanmar
Labels:
ကျန်းမာရေး,
အစားအသောက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment