Wednesday, July 15, 2015

"သံယောဇဉ်ကြိုး ပိုခိုင်မြဲစေဖို့ ကိုယ့်အိမ်သူ (သို့) အမျိုးသားနဲ့ အတူနေခါနီးတိုင်း ဒီအချက်လေးတွေ လုပ်ဆောင်ပေးဖို့ လို"


ကိုယ့်အိမ်ထောင်ဖက်နဲ့ ချစ်တင်းနှီးနှောတော့မယ်ဆိုရင် ဒီလိုအတူမနေခင် ချစ်စိတ်တွေ နိုးကြားလာအောင် လုပ်ဆောင်ပေးရမယ့် အချက်လေးတွေ ရှိပါတယ်။ ဒါဟာ တစ်ဦးနဲ့တစ်ဦး သံယောဇဉ်ကြိုး ပိုခိုင်မြဲစေတဲ့ အရာတွေလည်း ဖြစ်တာမို့ အဲ့ဒီအကြောင်းကို ပြောပြရရင်ဖြင့်

၁။ တစ်ဦးနဲ့တစ်ဦး မျက်လုံးချင်းဆုံအောင် စိုက်ကြည့်ပါ။

နှစ်ဦးသား တစ်ယောက်နဲ့တစ်ယောက် အနမ်းမခြွေခင် ပထမဆုံးငေးစိုက်ကြည့်ခြင်းဟာ စုံတွဲတွေအတွက် ပထမဆုံး လုပ်သင့်တဲ့အရာပါ။ ဒါကို ၀ိဥာဉ်အား ငေးစိုက်ကြည့်ခြင်းလို့တောင် ခေါ်နိုင်တယ်လို့ အချစ်ရေးပညာရှင် ဒေါက်တာ Laura Berman က ဖွင့်ဟသွားပါတယ်။

၂။ပျော်စရာကောင်းတဲ့ အရာတွေကို တွေးပါ။

တကယ်လို့ သင်တို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် စိုက်ကြည့်တာမျိုး သဘောမကျဘူးဆိုရင်တော့ မျက်လုံးလေးမှိတ်ပြီး အသက်ကို၀၀ရှုကာ သင်နဲ့ သင့်ချစ်သူကြား ပျော်စရာကောင်းတဲ့အချိန်လေးကို တွေးရင်း စိတ်ကူးယဉ်လိုက်ပါ။ ဒီလို လုပ်ဆောင်ခြင်းဟာ ချစ်သူနှစ်ဦး အတူနေတဲ့အချိန် ပိုဆက်နွယ်မှုကောင်းစေတယ်လို့ သိရပြီး လုပ်ဆောင်ချက်တွေ ပိုအဆင်ပြေစေပါလိမ့်မယ်။

၃။သီးခြား တရားထိုင်တာမျိုး လုပ်ပါ။

အတူမနေခင် စက္ကန့်သုံးဆယ်လောက် အချိန်ယူပြီး တရားထိုင်တာမျိုးလုပ်ကာ စိတ်ကို ငြိမ်းချမ်းမှုရယူပါ။ အမျိုးသမီးတွေဟာ သူတို့ခေါင်းထဲမှာ လုပ်ဆောင်စရာအချက်တွေကို စုပြုံထည့်ထားတတ်တာမို့ ခုလို လုပ်ဆောင်ခြင်းအားဖြင့် စိတ်အေးချမ်းကာ လက်ရှိအချိန်ကိုသာ ပိုအာရုံစိုက်မိသွားစေပါလိမ့်မယ်။ ဒါဟာ သင်တို့နှစ်ဦးအတွက် အထူးကောင်းမွန်တဲ့ ရလာဒ်ကို ဆောင်ကြဉ်းပေးနိုင်မှာပါ။

၎။နှစ်ယောက်အတူ ရိုက်ထားတဲ့ ဓာတ်ပုံကို ကြည့်ပါ။

နှစ်ဦးသား ပျော်ပျော်ရွှင်ရွှင် ရိုက်ထားတဲ့ ဓာတ်ပုံကလည်း သင့်စိတ်တွေကို ပိုမိုကြည်နူးလာစေပါလိမ့်မယ်။ ဒါ့ကြောင့် အတူမနေခင် ခုလို လုပ်ဆောင်ပေးဖို့ကလည်း အရေးကြီးပါတယ်။

၅။နှစ်ဦးသား ကိုယ်ဘာတွေကြိုက်တယ် ဘယ်လိုရှိတယ်ဆိုတာမျိုး ဖွင့်ဟပါ။

တကယ်တော့ အတူနေတဲ့အခါ အရင်လိုပြီး လုပ်သင့်တဲ့အရာလေးတွေ မလုပ်လို့သာ တကယ်ကြည်နူးခြင်းတွေကို မခံစားရတာပါ။ ဒီတော့ လိုအပ်ချက်လေးတွေကို ပြောဆိုဖွင့်ဟဖို့ လိုပါတယ်။ နှစ်ယောက်သား ဘယ်လိုအနေအထားမျိုးကို သဘောကျတယ်။ ဘယ်လိုမျိုးလေးဆို ကိုယ့်အတွက်အဆင်ပြေတယ်ဆိုတာတွေ ဖွင့်ပြောမှသာ နှစ်ယောက်စလုံး စိတ်ကျေနပ်မှုကို ခံစားနိုင်မှာပါ။


ဟန်နီ

Credit: Trend Myanmar

No comments:

Post a Comment