Sunday, July 19, 2015
"ဘာအနာဂတ်မှ မရှိတဲ့ ချစ်သူကို လမ်းခွဲပြတ်စဲလိုက်ဖို့ ဘာ့ကြောင့် ဆုံးဖြတ်သင့်တယ်ဆိုတာ"
"ဘာအနာဂတ်မှ မရှိတဲ့ ချစ်သူကို လမ်းခွဲပြတ်စဲလိုက်ဖို့ ဘာ့ကြောင့် ဆုံးဖြတ်သင့်တယ်ဆိုတာ"
သင့်ချစ်သူဟာ အနာဂတ်အတွက် ဘာမှ စဉ်းစားထားတာမျိုးလည်း မရှိ၊ အလုပ်လည်းမရှိ၊ ရှိဖို့လည်း မကြိုးစား၊ ဒီအတိုင်း ဖြစ်သလိုနေထိုင်နေတဲ့သူ တစ်ယောက်ဆိုရင် သင် သူ့ကို ဘယ်လောက်ထိ အချိန်ကြာကြာတွဲဖို့ စဉ်းစားနေဦးမှာပါလဲ။ သူဟာ သင့်အတွက် ပြောင်းလဲပေးသွားလိမ့်မယ်လို့ မျှော်လင့်နေတယ်ဆိုရင် ဒါ အမှားကြီး မှားသွားပါလိမ့်မယ်။ သွားရဦးမယ့် ခရီးရှည်ကြီးတစ်ခုမှာ ဒီလိုအခြေအနေမျိုးနဲ့ လူတစ်ယောက်ကို လက်တွဲဖြုတ်ချလိုက်ရင် သူ့အတွက် မစာမနာ လုပ်သလို ဖြစ်နေသလားလို့ သင် ထင်နေတယ်ဆိုရင်လည်း ဒါဟာ မှားယွင်းတဲ့ အတွေးတစ်ခုပါပဲ။ တကယ်တော့ သင် အချိန်အတိုင်းတစ်ခုထိ သူ့ကိုစောင့်လာခဲ့ပြီးပါပြီ။ သင် သူ့ကို သဘောမကျတဲ့အရာတွေ ရှိနေသလို ဒီလိုခံစားချက်တွေ ခံစားလာရပြီဆိုရင်တော့ လက်တွဲဖြုတ်လိုက်တာ သင့်အတွက် အကောင်းဆုံးပါ။
၁။သင်ဟာ တစ်ယောက်တည်း ရှိနေချိန်တွေထက်ကို ဒီအချစ်ရေးမှာ ပိုအထီးကျန်ဆန်လွန်းနေသလို ခံစားနေရတယ်။
သင်လိုချင်တဲ့အရာ၊ သင်ခံစားနေရတာတွေကို နားလည်မှုမပေး၊ လျစ်လျူရှုထားတဲ့သူနဲ့ အတူရှိနေရတာဟာ သင့်အတွက် မလုံခြုံမှုတွေ၊ လိုအပ်ချက်တွေ၊ အထီးကျန်ဆန်မှုတွေကို ခံစားဖို့ ဖြစ်လာစေတာပါပဲ။ အလိုမကျတာတွေ များလာတဲ့အခါ သင်လည်း မပျော်ရွှင်နိုင်တော့ဘူးပေါ့။
၂။နှစ်ဦးသားပြသနာတွေကို ပြန်လည်ဖြေရှင်း ညှိုနှိုင်းနေကျသူဟာ သင်ကိုယ်တိုင်ပါပဲ။
သင့်စိတ်ထဲ နာကျင်မှုတွေ ခံစားရလို့ ပေါက်ကွဲလိုက်ရင်တောင် နောက်ဆုံး နှစ်ဦးသား ပြန်ပြေလည်အောင် လုပ်ဆောင်တဲ့သူဟာ သင်ကိုယ်တိုင်သာ ဖြစ်ပါတယ်။ သူကတော့ ဘာတာဝန်မှမရှိသလို ကိုယ့်တောင်းဆိုမှုကိုလည်း မလိုက်လျောဘူး။ နှစ်ဦးသားအတွက် ဆိုတာမျိုးလည်း ခေါင်းထဲမှာ မရှိသလိုသာ ပြုမူနေတတ်ပါတယ်။
၃။အချိန်ကြာလေလေ ဒါမဖြစ်နိုင်တော့ဘူးဆိုတာ သင် ခံစားရလေလေ။
သင်ဟာ သင့်ရဲ့အချိန်တွေ၊ ငွေကြေးတွေအားလုံး ဒီအချစ်ရေးအတွက် ပေးဆပ်ထားပြီးပြီ။ ဒါပေမယ့် သင်လိုချင်တဲ့အရာတွေတော့ ဘာတစ်ခုမှကို ပြန်မရလာခဲ့ဘူး။ နှစ်ဦးသားတွေ့ချိန်တန်တွေ့၊ ဒါပေမယ့် သူ့ သူငယ်ချင်း၊ ကိုယ့်သူငယ်ချင်းတွေနဲ့ မရင်းနှီးသလို သူ့မိဘ၊ ကိုယ့်မိဘအိမ်တွေကိုလည်း လည်ပတ်တာမျိုး မရှိဖူးပါဘူး။ အိမ်ထောင်ရေးဆိုတာ တစ်ခါမှ သူ့နှုတ်ခမ်းက ဖွင့်ဟလာတာမျိုး မကြားဖူးသလို၊ ကလေးအကြောင်းဆိုတောကတော့ ပိုဝေးရော။ အဲ့ဒီအချိန် သင်ဟာ ကိုယ့်ကိုယ်ကို ဒေါသတွေထွက်ပြီး ဘ၀ကို ဒီလိုပဲ ဖြတ်သန်းရတော့မှာလား ဆိုပြီးတော့သာ စိတ်ဆင်းရဲကိုယ်ဆင်းရဲ ခံစားနေရတတ်ပြီ။
၎။ သင်ဟာ ဘာကိုမှန်းမသိ စိတ်ပျက်၊ စိတ်နာလာတယ်။
သင်လိုချင်ခဲ့တဲ့ ချစ်သူမျိုး၊ အချစ်ရေးမျိုး၊ ဘ၀ပုံစံ မရတဲ့နောက် ဘယ်သူ့ကို အပြစ်တင်ရမှန်းမသိ ဖြစ်လာတယ်။ စိတ်ပျက်စိတ်နာလာတယ်။ ဘာကိုမှ အလိုမကျတော့ဘူး။ လက်ရှိတစ်ယောက်ကို လက်တွဲဖြုတ်ပြီး နောက်တစ်ယောက် ထပ်ရှာလိုက်ရင် ကောင်းမယ်ဆိုတဲ့ စိတ် အကြိမ်ကြိမ်ဝင်တယ်။ ဒါလိုလုပ်ရင် အခြေအနေတွေ ပိုကောင်းလာမှန်းသိရဲ့နဲ့ သင်ဟာ မစတင်နိုင်ဖြစ်နေတတ်တယ်။
ဟန်နီ
Credit: Trend Myanmar
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment