Monday, July 13, 2015

"ခရီးသွားတွေနဲ့ ပြည့်နေတဲ့ ကျောက်နံရံဘေးက မှန် လူသွားစင်္ကြန်"


"ခရီးသွားတွေနဲ့ ပြည့်နေတဲ့ ကျောက်နံရံဘေးက မှန် လူသွားစင်္ကြန်"

နိုင်ငံခြားသားခရီးသွားတွေ အလွန်စိတ်ဝင်စားသော Baishishan ဆိုတဲ့ မှန် လူသွားစင်္ကြန်ဟာ တရုတ်ပြည် မြောက်ပိုင်း Hebei ခရိုင် Laiyuan မှာတည်ရှိပါတယ်။

အဲ့ဒီ မှန် လူသွားစင်္ကြန်ဟာ ချောက်ကမ်းပါးပေါ်က ကျောက်တောင်နံရံဘေးမှာ ကပ်လျှက် တည်ဆောက်ထားပြီး အဲ့ဒီပေါ်ကနေ တောတောင် သဘာဝရှုခင်းတွေကို သည်းထိတ်ရင်ဖို ကြည့်ရှုခံစားနိုင်တာပါ။ ဒီနေရာကို ဇူလိုင်လ ၁၂ ရက်နေ့က လာရောက်လေ့လာသူ ခရီးသွားအများအပြားနဲ့ ပြည့်နှက်နေတာကို ပုံမှာ
 မြင်တွေ့ရပါတယ်။

Baishishan ဆိုတဲ့ မှန် လူသွားစင်္ကြန်ရဲ့ အရှည်ဟာ ၉၅ မီတာ ရှည်လျားပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၁၉၀၀ မီတာမှာ ရှိတဲ့ ကျောက်တောင်နံရံမှာ တည်ဆောက်ထားတာပါ။



Ref: People's Daily,China

ဧရာဝတီ ဘလော့

No comments:

Post a Comment