Friday, July 10, 2015

"ညစ်ပတ်ရှုပ်ပွသူတွေဟာ တကယ်တော့ အပျင်းထူနေသူတွေမဟုတ် အလုပ်ကြိုးစားသူများသာဖြစ်"


"ညစ်ပတ်ရှုပ်ပွသူတွေဟာ တကယ်တော့ အပျင်းထူနေသူတွေမဟုတ် အလုပ်ကြိုးစားသူများသာဖြစ်"

အလုပ်စားပွဲတွေမှာ အမှိုက်သရိုက်တွေ ဗလပွဖြစ်နေသူတွေကို မန်နေဂျာအများစုက အထင်သေး ရှုံ့ချတတ်ကြပါတယ်။

သို့သော် အဲဒီပွထနေတဲ့ အရာတွေဟာ အလုပ်ကို အာရုံစိုက် လုပ်ဆောင်တတ်သူတစ်ဦးရဲ့ လက္ခဏာတစ်ရပ်ဖြစ်လို့ ညစ်ပတ်ပေပွနေသူတွေဟာ သူတို့အလုပ်တွေမှာ ပိုမို ကောင်းမွန်တတ်ကြပါတယ်။

မသပ်မရပ်နေသူတစ်ယောက်ရဲ့ စားပွဲခုံ ဖရိုဖရဲဖြစ်တာ အလုပ်များစွာ လုပ်ဆောင်ခြင်း၊ လျင်မြန်သွက်လက်တဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်တယ်လို့ သိရပါတယ်။

Albert Einstein၊ Roald Dahl စတဲ့ ဥာဏ်ရည်ထက်မြက်ပြီး ဖန်တီးနိုင်စွမ်းရှိတဲ့ နာမည်ကျော်ကြားသူ အများစုဟာ အလုပ်စားပွဲ ရှုပ်ပွ ဖရိုဖရဲဖြစ်ခြင်းကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ကြပါတယ်။

ညစ်ပတ်ရှုပ်ပွတယ်ဆိုတာ စနစ်တကျ မရှိခြင်း မဟုတ်တာ သေချာတယ်လို့ Prof Abrahanson က Telegraph ကို ပြောပြခဲ့ဖူးပါတယ်။

Silicon Valley လို နေရာတွေက ရာထူးကြီးတဲ့ ပုဂ္ဂိုလ်တွေမှာ ဒီအဖြစ်တွေ တွေ့ရပါတယ်။


Ref: Metro

Credit: Trend Myanmar

No comments:

Post a Comment