Saturday, July 11, 2015
"ရယ်မောခြင်းနဲ့ ကျန်းမာရွှင်လန်းမှု"
"ရယ်မောခြင်းနဲ့ ကျန်းမာရွှင်လန်းမှု"
လူတွေမှာ သဘာဝကပေးတဲ့ ဆေးဘက်ဝင် လက်ဆောင်တွေ များစွာရှိပါတယ်။ ဒီလို သဘာဝကပေးတဲ့ လက်ဆောင်တွေမှာ လူတွေ သတိမထားမိတဲ့ ကောင်းကျိုးတွေ ရှိနေတတ်ကြပါတယ်။ သဘာဝတရားဟာ လူသားတွေကို လှပတဲ့လက်ဆောင်တွေ ပေးထားပြီးသား ဖြစ်ပါတယ်။ လူသားတွေရဲ့ အသုံးပြုကျင့်သုံးမှုအပေါ် မူတည်ပြီး တောက်ပလင်းလက်သွားကြတာ ဖြစ်ပါတယ်။
လူသားအစပြုကာလဟာ ငိုကြွေးခြင်းနဲ့ စတင်ခဲ့ပေမယ့် မိခင်က ပြုံးရယ်ပြတဲ့အခါ လမင်းကြီးတစ်စင်း ပြုံးရယ်ပြသလို ထူးဆန်းအံ့သြဖွယ်ရာ ငေးမောနေခဲ့ပြီး မိခင်ရဲ့ နှလုံးသားဆီမှနေ ကလေးငယ်ဆီကို ကူးစက်လာကာ ကလေးငယ်ရဲ့ နှစ်ခြိုက်စွာ ရယ်မောသံ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ မိခင်ဟာ မွေးဖွားခြင်း အစကာလမှာပင် ချစ်စရာကလေးငယ်ကို ပြုံးရယ်ခြင်း သဘာဝလက်ဆောင်ကို စတင်ပေးလိုက်ချိန်မှာ လူသားတွေဟာ နှစ်ခြိုက်စွာ ရယ်မောခြင်းဖြင့် လောကကြီးကို စတင်လာခဲ့ကြတာ ဖြစ်ပါတယ်။
အသားဖြူသည်ဖြစ်စေ၊ ညိုသည်ဖြစ်စေ၊ ဘယ်လို အသားအရောင်မျိုးရှိနေပါစေ၊ ပြုံးရယ်လိုက်တဲ့အခါ လူတိုင်းဟာ ကြည့်လို့ကောင်းပြီး စိတ်နှလုံးကို ရွှင်လန်းနှစ်သက်စေတာအမှန်ပါ။ အပြုံးက ကူးစက်လွယ်ပြီး စိတ်နှလုံးကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။ ဒါပေမယ့် လူတွေဟာ ကာလရေစီးကြောင်းရဲ့ လွှမ်းမိုးမှုအောက်မှာ ပြုံးရယ်မှုတွေ နည်းပါးလာကြပြီး အပြုံးတစ်ပွင့်၊ ရွှင်လန်းစွာ ရယ်မောရွှင်မြူးနိုင်တာ ရှားပါးလာကြပါတယ်။ လူတွေရဲ့မျက်နှာမှာ တင်းကြပ်မှုတွေနဲ့ ပြည့်နှက်နေကာ ရှိရင်းစွဲ အသက်ထက် ပိုမို ရင့်ရော်လာကြပါတယ်။
တကယ်တော့ ရွှင်မြူးစွာ ရယ်မောခြင်းဟာ လူသားတွေအတွက် သဘာဝကပေးတဲ့ လက်ဆောင်ဖြစ်ပြီး လူတိုင်း လွယ်ကူစွာ ပြုလုပ်နိုင်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ လူတွေ မသိနိုင်တဲ့ ငွေကုန်ကြေးကျမရှိ ဆေးဘက်ဝင်မှုတွေ ရှိပါတယ်။
ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို အကျိုးကျေးဇူးပြုခြင်း
လူတွေဟာ ခက်ခဲမှုတွေနဲ့ ကြုံတွေ့ကြရတဲ့အချိန်မှာ ကိုယ်လက်မအီမသာနဲ့ ပင်ပန်းမှုဒဏ်ကို ခံစားကြရပါတယ်။ ဒီလို ပင်ပန်းနွမ်းနယ်မှုတွေနဲ့ မလှုပ်ချင်မကိုင်ချင် ဖြစ်နေတဲ့အခါ ဟာသကား တစ်ခုခုကိုဖြစ်ဖြစ် ကြည့်ပြီး အားရပါးရ ရယ်မောလိုက်ဖို့ လိုပါတယ်။ အားရပါးရ ရယ်ဖြစ်လိုက်တဲ့အခါ ကိုယ်ခန္ဓာရဲ့ ပင်ပန်းနွမ်းနယ်မှုတွေဟာ သိသာစွာ လျော့ကျသွားပြီး မမြင်ရတဲ့အင်အားတစ်ခု စီးဝင်လာသလို ပြန်လည် လန်းဆန်းလာတတ်ပါတယ်။ ဒါမှမဟုတ် မိတ်ဆွေ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဆိုပြီး ရယ်မောလိုက်ပါ။ တစ်ချို့ လူတွေဟာ အရမ်းကို ဟာသဥာဏ်ကြွယ်ဝကြပြီး ပြောဆိုလိုက်တဲ့ စကားလုံးတိုင်းဟာ ရယ်မောစရာ ကောင်းတာကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့အချိန်မှာ လူရွှင်တော်တွေရဲ့ ဟာသကိုဖြစ်ဖြစ် နားထောင်ပြီး ရယ်မောလိုက်ခြင်းဟာ ကိုယ်ခန္ဓာရဲ့ ပင်ပန်းမှုကို သက်သာစေတဲ့ ဆေးနည်းတစ်မျိုး ဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းစေခြင်း၊ နှလုံးနှင့် သွေးကြောများနဲ့ပတ်သက်ပြီး များစွာ အထောက်အကူပြုတာကြောင့် နှလုံးကြောင့် ဖြစ်တတ်တဲ့ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ကြောင်း ဖော်ပြထားကြပါတယ်။
စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အကျိုးကျေးဇူးပြုခြင်း
ဘယ်နေရာ၊ ဘယ်အချိန်မှာဖြစ်ဖြစ် နှစ်ခြိုက်စွာ ရယ်မောခြင်းဟာ မိမိရဲ့ပတ်ဝန်းကျင်ကိုပါ ကူးစက်ရွှင်လန်းစေပါတယ်။ စိတ်အားကိုတက်စေပြီး ကြောက်ရွံ့မှုတွေ၊ ငြီးငွေ့ပင်ပန်းမှုတွေကို သက်သာစေခြင်း၊ စိတ်ဖိစီးမှုတို့ လျော့ကျစေခြင်း၊ စိတ်နှလုံးကိုရွှင်လန်းစေဖို့ ပြန်လည်အားပြည့်စေခြင်း အာရုံရှုပ်ထွေးမှုတွေကို ပြန်လည်ဖြေလျော့နိုင်ပြီး အကူအညီဖြစ်စေခြင်းဘဲဖြစ်ပါတယ်။ လူမှုရေး အကျိုးကျေးဇူး ပြုခြင်း မသိကျွမ်းတဲ့ လူနှစ်ယောက်ကြားမှာ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့၊ အောင်မြင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ဖို့ ရယ်မောပြုံးရယ်ခြင်းဟာ ထိရောက်တဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။ အဖွဲ့အစည်း ပါတီတွေကြားမှာ တင်းမာမှုတွေကို ရှောင်နိုင်ဖို့ ညှိနှိုင်းစေ့စပ်ပေးခြင်လိုမျိုး ရယ်မောခြင်းဟာ ထိရောက်တဲ့ လက်နက်တစ်မျိုးဖြစ်ပါတယ်။
လူမှုရေး အကျိုးကျေးဇူး ပြုခြင်း
မသိကျွမ်းတဲ့ လူနှစ်ယောက်ကြားမှာ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့၊ အောင်မြင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ဖို့ ဖော်ရွေစွာ ရယ်မောပြုံးရယ်ခြင်းဟာ ထိရောက်တဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။ အဖွဲ့အစည်း ပါတီတွေကြားမှာ တင်းမာမှုတွေကို ရှောင်နိုင်ဖို့ ပြုံးရွှင်ခြင်း၊ ရယ်မောခြင်းဟာ ထိရောက်တဲ့ လက်နက်တစ်မျိုးဖြစ်ပါတယ်။ ဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ John Cleese က သူ့အနေနဲ့ ပရိတ်သတ်နဲ့ ခိုင်မာတဲ့ ဆက်သွယ်ဆောင်ရွက်မှုတစ်ခုကို ရရှိဖို့ နှစ်သက်စွာ ရယ်မောနိုင်ဖို့ ဖန်တီးခြင်းဖြင့် စတင်ရကြောင်း ပြောဆိုဖူးပါတယ်။ မတူညီတဲ့ယဉ်ကျေးမှုတွေကြားမှာ ဖိစီးမှုတွေမဖြစ်စေဘဲ သက်တောင့်သက်သာဖြစ်စေဖို့၊ ဆက်ဆံရေးတွေတိုးတက်စေဖို့၊ နှစ်ခြိုက်စွာ ပြုံးရွှင်ရယ်မောမှုဟာ လွယ်ကူတဲ့ လက်နက်တစ်ခု ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြား ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုကို ရရှိစေဖို့ ရယ်မောခြင်းဟာ ဆွဲဆောင်မှုရှိတဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။ ဒီလိုပါဘဲ ရယ်မောခြင်းဟာ လူတွေအတွက် လူမှုရေး နယ်ပယ်မှာလည်း အကျိုးကျေးဇူးပေးပါတယ်။
Credit: yangonlife
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment