Tuesday, July 14, 2015

"အမျိုးသားအများစု လျစ်လျူရှူကြတဲ့ ကင်ဆာရောဂါ လက္ခဏာများ"


လူအများစုဟာ ခန္ဓာကိုယ်ရဲ့ စိုးရိမ်ရတဲ့ အသိပေး လက္ခဏာတွေကို သတိမထားမိပဲ အစောပိုင်း ကင်ဆာရောဂါ လက္ခဏာတွေကို လျစ်လျုရှူနေတတ်ကြပါတယ်။ နောက်ပိုင်း အခြေအနေ အရမ်းဆိုးရွားလာမှသာ ဆရာဝန်တွေဆီ သွားပြကြလေ့ရှိပါတယ်။

ဒါ့ကြောင့် ကင်ဆာရောဂါရဲ့ အစပိုင်း လက္ခဏာတွေ သတိရှိပြီး နောက်မကျမီ အကူအညီ ရယူပါ။

ပေါင်ခြံ၊ တင်ပါး၊ ပေါင်နဲ့ ဝမ်းဗိုက်ပိုင်း နာကျင်ကိုက်ခဲမှု ခံစားရခြင်း (prostate ကင်ဆာ လက္ခဏာဖြစ်နိုင်)

ယောက်ျားလိင်ထောင်တဲ့ပြသနာများ (prostate cancer လက္ခဏာ)

ယောင်ကိုင်းခြင်း သို့မဟုတ် ဝှေးစေ့မှာ အသီးအဖုပေါက်ခြင်း (နာကျင်ကိုက်ခံခြင်းမရှိသော ဝှေးစေ့ကင်ဆာလက္ခဏာတစ်မျိုး)

ဆီးသွားရ ခက်ခဲခြင်း သို့မဟုတ်  ပြသနာတချို့ရှိနေခြင်း

နို့သီးခေါင်းနာကျင်ခြင်း၊ အရိအရွဲစတာတွေ ယိုထွက်ခြင်း သို့မဟုတ် နို့သီးပေါ် အရေပြားကြမ်းထော်ခြင်း (အမျိုးသားတွေမှာလည်း ရင်သားကင်ဆာဖြစ်ပွားနိုင်ပါတယ်)။

Ref: NHC

Credit: Trend Myanmar

No comments:

Post a Comment