Friday, July 17, 2015

"တောင်နံရံမှာ ချိတ်ဆွဲထားတဲ့ ကမ္ဘာ့ကြောက်စရာ အကောင်းဆုံး ဟိုတယ်ခန်း"


"တောင်နံရံမှာ ချိတ်ဆွဲထားတဲ့ ကမ္ဘာ့ကြောက်စရာ အကောင်းဆုံး ဟိုတယ်ခန်း"

အကယ်၍များ သင်ဟာ တစ်ညကို ကန်ဒေါ်လာ ၁၀၀၀ ပေးရတဲ့ ဟိုတယ်ခန်းမှာသာ တည်းရမယ်ဆိုရင် သင်ဟာ ရက်ရက်ရောရော ပေးနေတာပါပဲ။ အီတလီက ရှုခင်းကောင်းကောင်းတွေကို သင် နှစ်ခြိုက်တာ ဖြစ်နိုင်သလို ဗီးဂတ်စ်က ဟိုတယ်ခန်းထဲကို ရောက်နေလို့လဲ ဖြစ်နိုင်ပါတယ်။

နိုင်ငံခြားကို အလည်အပတ်လုပ်ဖို့ ရှာဖွေနေသူများအဖို့ (တကယ့်ကို) တောင်အစွန်အဖျားပေါ်မှာ တည်းချင်တယ်ဆိုရင်တော့ Skylodge Adventure ဟိုတယ်ခန်းတွေကို သွားတည်းကြည့်လိုက်ပါ။ ပီရူး မှာရှိပါတယ်။ ဟိုတယ်ခန်းတွေကို တောင်နံရံတွေမှာ ချိတ်ဆွဲထားတာပါ။

အခန်းကို ၀င်ရောက်နေထိုင်ဖို့ အတွက်ကိုတော့ အမြင့်ပေ ရာချီပြီး တောင်တက်ရမှာပါ။ ဒါမှမဟုတ် ဆိုင်းကြိုးတွေနဲ့လည်း တက်နိုင်ပါတယ်။ “တစ်ညကို ကန်ဒေါ်လာ ၁၀၀၀ ပါ။ ဆိုင်းကြိုးတွေနဲ့ ဆွဲထားတဲ့ မှန်အကြည် ဇိမ်ခံ ဆေးတောင့်ပုံအခန်းလေးတွေနဲ့။ အခန်းဆီကိုရောက်ဖို့က အမြင့်ပေ ၄၀၀ ကို တောင်တွယ်တက်ရုံပါပဲ။ ferrata လို့ခေါ်တဲ့ သံလှေကားတွေက တက်နိုင်သလို ဆိုင်းကြိုးတွေနဲ့လဲ တွယ်တက်နိုင်ပါတယ်။” လို့ Popular Mechanics မှာ သတင်းထုတ်ပြန်ထားပါတယ်။


Ref:BGR News

Credit: Trend Myanmar

No comments:

Post a Comment