Thursday, July 9, 2015
"မျက်နှာက အမွေးအမှင်တွေကို ဖယ်ရှားနိုင်တဲ့ သဘာဝနည်းလမ်းတွေ"
"မျက်နှာက အမွေးအမှင်တွေကို ဖယ်ရှားနိုင်တဲ့ သဘာဝနည်းလမ်းတွေ"
ထူထဲနက်မှောင်တဲ့ ဆံပင်တွေ ပိုင်ဆိုင်တာဟာ ကောင်းတဲ့အချက် ဖြစ်ပေမယ့် အပေါ်နှုတ်ခမ်း၊ နားနဲ့ နှာခေါင်းစတဲ့ မျက်နှာပေါ်က နေရာတွေမှာဆိုရင်တော့ ပြဿနာ ရှိလာပါပြီ။ ပုံမှန်ဆိုရင်တော့ မျက်နှာမှာ အမွေးအမှင် ထူထူထဲထဲ ပေါက်လေ့မရှိပေမယ့် မျိုးရိုးဗီဇနဲ့ ဟော်မုန်းကြောင့် အမွေးထူတွေရှိနေရင် အန္တရာယ်ကင်းကင်း ဖယ်ရှား ရှင်းလင်းနိုင်ဖို့အတွက် နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။
နနွင်းမှုန့်သုံးခြင်း
သဘာဝ ပိုးသတ်ဆေးလည်းဖြစ်၊ ရောင်ရမ်းနာတွေကိုလည်း သက်သာစေတဲ့ အစွမ်းသတ္တိရှိတဲ့ နနွင်းမှုန့်ကို နို့အနည်းငယ် (ဒါမှမဟုတ်) ရေနဲ့ ခပ်ပျစ်ပျစ်ဖျော်ပြီး အမွေးအမှင်ဖယ်ချင်တဲ့နေရာကို သုတ်လိမ်းပါ။ မိနစ် ၂၀ လောက် ထားပြီးရင်တော့ ရေနဲ့ဆေးပစ် တာမျိုးလုပ်ရင်း ဖယ်ရှားနိုင်ပါတယ်။
ဂျယ်လတင်သုံးခြင်း
ကျောက်ကျောလို စေးပျစ်ပျစ် ဂျယ်လတင် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ နွားနို့ လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ သံပရာရည် (သို့မဟုတ်) ရှောက်ရည် အနည်းငယ်ကို ရောစပ်ပြီး နွေးသွားရုံ စက္ကန့် ၂၀ လောက် အပူပေးပြီးရင်တော့ အမွေးချွတ်ချင်တဲ့နေရာကို သုတ်ပေးပါ။ ငါးမိနစ်လောက် ထားပြီး ခြောက်သွားရင် ခွာချပစ်ရုံပါပဲ။
လက်ဖက်ဆီသုံးခြင်း
လက်ဖက်ပင်က ထုတ်ထားတဲ့ဆီ ခြောက်စက်လောက်ကို လာဗင်ဒါဆီနဲ့ရောပြီး အမွေးရှိတဲ့ နေရာတွေကို ဂွမ်းစလေးနဲ့သုတ်ပြီး ဖယ်ရှားတာမျိုး လအနည်းငယ် ကြာအောင် လုပ်ပေးနိုင်ပါတယ်။
သံပရာနှင့် သကြားသုံးခြင်း
သံပရာရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ သကြား လက်ဖက်ရည်ဇွန်း နှစ်ဇွန်း ရောထားတဲ့ အရည်ကို သုတ်လိမ်းပြီး ၁၅ မိနစ် လောက်ကြာရင် ရေဆေးချတာမျိုး တစ်ပတ်နှစ်ကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။
သင်္ဘောသီးစိမ်းသုံးခြင်း
သင်္ဘောသီးစိမ်း အနှစ် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းဝက် ရောထားတဲ့အနှစ်ကို လိမ်းပြီး ၁၅ မိနစ် လောက်နေရင် မျက်နှာသစ်ပေး နိုင်ပါတယ်။
ငှက်ပျောသီးနှင့် အုတ်ဂျုံမှုန့် သုံးခြင်း
ငှက်ပျောသီးနဲ့ အုတ်ဂျုံမှုန့် ရောထားတဲ့အနှစ်ကို အမွေးချွတ်လိုတဲ့နေရာတစ်ဝိုက် သုတ်လိမ်းပြီး ခဏကြာရင် မျက်နှာသစ်ပေးတာမျိုး တစ်ပတ်နှစ်ကြိမ်လောက် လုပ်ပေးရင် ထူးခြားမှုတွေ ကြုံတွေ့ရမှာပါ။
Ref: healthdigezt.com
Credit: 7day daily
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment