Thursday, July 16, 2015
"ရုံးကကျင်းပတဲ့ ပါတီပွဲ မသွားခင် သိထားရမယ့်အရာများ"
"ရုံးကကျင်းပတဲ့ ပါတီပွဲ မသွားခင် သိထားရမယ့်အရာများ"
အသင်းအဖွဲ့နဲ့ အလုပ်လုပ်တဲ့အခါ ပါတီပွဲလေးတွေ ရှိတတ်ပါတယ်။ အထူးသဖြင့် ကိုယ့်ကုမ္ပဏီ၊ အလုပ်ကကျင်းပတဲ့ ပါတီပွဲမျိုးသွားမယ်ဆိုရင် အဲ့ဒီလို ရုံးပါတီပွဲတွေမှာ လိုက်နာရမယ့် ကျင့်ဝတ်ထုံးတမ်း၊ သတ်မှတ်ချက်လေးတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့
မိမိလုပ်ဖော်ကိုင်ဖက်တွေနဲ့ သိကျွမ်းမှု ရယူလိုတယ်၊ သူတို့ကိုဖျော်ဖြေပေးချင်ပေမယ့် စည်းကမ်းချက် တချို့ကိုတော့ လိုက်နာရပါမယ်။ ကိုယ်လုပ်ချင်တာကို ဇွတ်လုပ်ချလိုက်လို့ မရပါဘူး။
အရက်သေစာကို သတိနဲ့ သောက်သင့်ပါတယ်။ နောက်တစ်နေ့ အလုပ်ဆင်းလို့ လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လှောင်ပြောင်သရော်ခြင်း မခံစေချင်လို့ပါ။
ပျော်ပျော်နေပါ ဒါပေမယ့် သူများမလုပ်ချင်တာကိုမှ ရွေးမလုပ်ခိုင်းဖို့ သတိထားပြီး သူ/သူမကို လှောင်စရာ၊ ဟားစရာ မဖြစ်ပါစေနဲ့။ သူတို့ကို ကောင်းကောင်းမသိသေးခင် သင် သူတို့ကို နှုတ်ပိတ်မနေစေချင်ဘူး မဟုတ်လား။
ညနက်အထိ ယောင်ပေပေနဲ့ ကျန်ရစ်မနေပါနဲ့။ သင့်မိတ်ဆွေများသူငယ်ချင်းများရဲ့ ညလုံးပေါက် ပါတီမဟုတ်ဘူးဆိုတာ သတိပြုပါ။ သင့်သူဌေး စောင့်ကြည့်နေပါတယ်။
Ref: Indiatimes
Credit: Trend Myanmar
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment