Friday, July 10, 2015
"ဆွဲဆောင်မှုရှိတဲ့ လူအုပ်စုကြားနေရင် ကိုယ်ပါဆွဲဆောင်မှု ပိုရှိလာဟုဆို"
"ဆွဲဆောင်မှုရှိတဲ့ လူအုပ်စုကြားနေရင် ကိုယ်ပါဆွဲဆောင်မှု ပိုရှိလာဟုဆို"
သုတေသနပညာရှင် Drew Walker နဲ့ Edward Vul မှ ဦးစီးပြုလုပ်တဲ့ ကယ်လ်လီဖိုးနီးယားတက္ကသိုလ်မှ လေ့လာမှုတစ်ခုရဲ့ အချက်အလက်အသစ်အရ ကျွန်ုပ်တို့ ဦးနှောက်ဟာ လူအုပ်စုတစ်အတွင်းရှိ မျက်နှာအသွင်အပြင်များကို ပျှမ်းမျှတွက်ကြည့်ကာ အားလုံးဆွဲဆောင်မှု ပိုရှိလာကြတယ်လို့ သိပ်မကြာသေးမီက အခိုင်အမာပြောဆိုခဲ့ပါတယ်။
အရမ်းဆွဲဆောင်မှုရှိကြတဲ့ လူအုပ်စုတစ်စုနဲ့ အတူရှိနေတဲ့အခါ သင့်မျက်နှာအသွင်အပြင်ရဲ့ ပျော့ကွက်၊ အားနည်းချက် သို့မဟုတ် ထူးခြားတဲ့ သွင်ပြင်လက္ခဏာတွေကို အုပ်စုအတွင်းရှိ တခြားသူများမျက်နှာနဲ့ တစ်သားတည်းဖြစ်သွားပြီး သင့်အား ချို့ယွင်းချက်၊ အားနည်းချက် ကင်းရှင်းသူအဖြစ် မြင်တွေ့ကြပါတယ်။ ကျွန်ုပ်တို့ဦးနှောက်က အဲဒီအချက်အလက်ကို မှတ်သားလိုက်တဲ့အခါမှာ အားလုံး အတူအတူပင်ဖြစ်တယ်ဆိုတဲ့ အတွေး ကျွန်ုပ်တို့ စိတ်ထဲ ဖြစ်ပေါ်လာပါတယ်။ လူတိုင်း မျက်နှာတွေ ဆွဲဆောင်မှုရှိလာတယ်လို့ ရှုမြင်လာကြတယ်။
နဂိုမျက်နှာအသွင်အပြင်တွေ ဆွဲဆောင်မှု ပိုရှိလာကြတယ်။ တစ်နည်းအားဖြင့် ပိုချောလာပြီး မိမိနဲ့ ဆန့်ကျင်ဘက် ပင်ကိုလက္ခဏာရှိသူတွေနဲ့ အတွဲညီလာကြတယ်လို့ Walker က ရှင်းပြခဲ့ပါတယ်။
Ref: yourtango
Credit: Trend Myanmar
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment