Monday, July 20, 2015
"လိမ်ညာတတ်တဲ့သူတွေဟာ အကျင့်ဖျောက်ဖို့ ခဲယဉ်းကာ ထပ်ခါထပ်ခါ လိမ်ဖွယ်ရာသာရှိ"
"လိမ်ညာတတ်တဲ့သူတွေဟာ အကျင့်ဖျောက်ဖို့ ခဲယဉ်းကာ ထပ်ခါထပ်ခါ လိမ်ဖွယ်ရာသာရှိ"
လိမ်ညာတတ်တဲ့သူတွေရဲ့ အကျင့်ဟာ ပျောက်သွားဖို့ အလားအလာ မရှိသလောက်ပါပဲ။ ဘာရယ်မဟုတ် လိမ်တတ်တာလေးကနေ နောက်ပိုင်း အကျင့်ပါသွားတာမျိုးပေါ့။ အချစ်ရေးမှာလည်း ထို့အတူပါပဲ။ လိမ်တတ်တဲ့သူတွေဟာ ဆက်ကို လိမ်နေဦးမှာပါ။ ဒါ့ကြောင့် Denver တက္ကသိုလ်က ကျောင်းသားတစ်ယောက်က သူ့လေ့လာချက်ကို ခုလိုဆိုသွားပါတယ်။ "လူတစ်ယောက်ဟာ တစ်ခါလိမ်ပြီးရင် နောက်တစ်ခါလည်း ထပ်လိမ်လိမ်မယ့် အလားအလာရှိပါတယ်။ ဒါဟာ ဘယ်အခြေအနေတိုင်းမှာ မဆိုပါပဲ" တဲ့။
Kayla Knopp က အသက် (၁၈ - ၃၄) ရှိ အိမ်ထောင်မရှိသူ အယောက် ၄၈၄ ရဲ့ ချစ်သူတွေအပေါ် ပြောဆိုဆက်ဆံမှုတွေကို ကြည့်ရှုလေ့လာတဲ့အခါမှာ လိမ်ပြောတတ်တဲ့ သူတွေဟာ နောက်တခါ ထပ်လိမ်ဖို့ ၃.၅ ကြိမ် လုပ်နိုင်ချေရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။ အလိမ် ခံရသူတွေလည်း ဒုတိယအကြိမ် ထပ်အလိမ်ခံရဖို့ ပိုများတယ်လို့လည်း သဘောပေါက် သိရှိခဲ့ပါတယ်။
ဒါ့အပြင် အတိတ်မှာ ထပ်ခါတလဲလဲ လုပ်တတ်တဲ့ အပြုအမူတွေက ယုံကြည်မှု ကင်းမဲ့အောင် တွန်းအားပေးတတ်ပါတယ်။ အပြုအမူပိုင်းအရရော (သို့) စိတ်ပိုင်းအရပါ ကြမ်းကြုတ်တဲ့ သူတွေ၊ အော်ဟစ်တတ်တဲ့အကျင့်၊ ကြမ်းကြမ်းတမ်းတမ်း တွန်းကန်ပြုမူတတ်တဲ့ အကျင့် ရှိတဲ့သူတွေဟာ နောက်တွဲမယ့် သူတို့ လက်တွဲဖော်တွေအပေါ်လည်း သုံးကြိမ်အထိ အဲဒီအကျင့်ကို လုပ်မိတတ်ကြတယ်လို့ အမေရိကန် စိတ်ပိုင်းဆိုင်ရာ လေ့လာတဲ့အဖွဲ့ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
ပေါ်ထွန်း
Credit: Trend Myanmar
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment