Thursday, July 16, 2015

"စိတ်ဖိစီးမှု များတဲ့အခါ ဒါတွေလုပ်ကြည့်ပါ"


"စိတ်ဖိစီးမှု များတဲ့အခါ ဒါတွေလုပ်ကြည့်ပါ"

စိတ်ဖိစီးမှုဆိုတာ လူတိုင်း ကြုံဖူးကြတဲ့အရာ ဖြစ်မယ်ထင်ပါတယ်။ ဟုတ်ပါတယ်။ စိတ်ဖိစီးမှု အတော်များများကတော့ ခန္ဓာကိုယ်အတွက် အကျိုးမပြုပါပါဘူး။ ဒါပေမယ့် စိတ်ဖိစီးမှုကို ကိုယ်က လိုသလို ထိန်းကျောင်းနိုင်မယ်ဆိုရင်တော့ အကျိုးရှိတဲ့ဘက်မှာ အသုံးချနိုင်ပါတယ်။

ဆိုလိုချင်တာက စိတ်ဖိစီးမှုရလာတဲ့အခါ ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာကိုပါ။ ဒါကြောင့် အရေးပါတဲ့ နည်းလမ်း ၃ ချက်ကို အောက်ပါအတိုင်း လိုက်လုပ်ကြည့်လိုက်ပါ။


၁။ ညတိုင်း ၇ နာရီကနေ ကိုးနာရီအကြား အိပ်ဖြစ်အောင်အိပ်ပါ။
လူသားတွေရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ် ဇီဝဖြစ်စဉ် ကောင်းစွာလည်ပတ်ဖို့အတွက် အိပ်စက်ခြင်းဟာ အရေးကြီးဆုံး လိုအပ်မှုတစ်ခုပါ။ အိပ်ရေးပျက်ရင် အလုပ်မှာလည်း စွမ်းဆောင်ရည်ကျမယ်ဆိုတာ သေချာတဲ့အရာ ဖြစ်ပါတယ်။ Lloyds ဘဏ်အကြီးအကဲဆိုရင် အလုပ်များလွန်းလို့ နှစ်လလောက်အနားယူပြီးမှ အလုပ်ပြန်လုပ်ခဲ့ဖူးတဲ့ ဖြစ်ရပ်ရှိပါတယ်။

၂။ ဖြေးဖြေးသွားပါ။
လမ်းလျှောက်တာကိုပြောတာ မဟုတ်ပါဘူး။ သင့်ရဲ့အတွေးတွေ၊ အလုပ်တွေကို ဖြေးဖြေးမှန်မှန် လုပ်သွားဖို့ ပြောတာပါ။ တစ်နာရီခြားတစ်ခါလောက် ခဏနားသင့်ပါတယ်။ သုံးနာရီတစ်ခါလောက်တော့ အလုပ်လုပ်နေတာ ခဏရပ်ပြီး ဟိုနားဒီနား လမ်းလျှောက် ပေးသင့်ပါတယ်။ ဦးနှောက်ဟာ အနားပေးဖို့ လိုပါတယ်။ အလုပ်စားပွဲမှာ အထိုင်များတာဟာ ဆေးလိပ်သောက်တဲ့လူထက်တောင် အန္တရာယ်များတယ်လို့ လေ့လာမှုတစ်ခုက ဆိုထားပါတယ်။

၃။ ဖုန်းနဲ့ ကွန်ပျူတာသုံးတာ လျှော့ပါ။ မနက်မိုးလင်းတိုင်း၊ ဒါမှမဟုတ် ညအိပ်ယာဝင်ခါနီးတိုင်း သင် စမတ်ဖုန်းကို လက်ကမချဖြစ်နေတာကို လျှော့လိုက်ပါတယ်။ ညအိပ်ယာဝင်ခါနီး စမတ်ဖုန်းသုံးတာဟာ ကျန်းမာရေးနဲ့ လုံးဝမညီညွတ်တဲ့အရာ ဖြစ်ပါတယ်။ အိပ်ယာဝင်ခါနီး တစ်နာရီလောက်အလိုဆို သင် ဖုန်းမသုံးသင့်တော့ပါဘူး။

ဒီသုံးချက်ကိုသာ သင် လိုက်နာကြည့်လိုက်ပါ။ သင့်ရဲ့စိတ်ဖိစီးမှုတွေဟာ လျော့ပါး ပျောက်ကွယ်သွားပါလိမ့်မယ်။


Ref - huffingtonpost

Credit: Planet

No comments:

Post a Comment