Tuesday, July 28, 2015
"ပျော်စရာည"
"ပျော်စရာည"
အမျိုးသမီးနှစ်ယောက် ရုံးခန်းထဲမှာ စကားပြောနေကြတယ်...
ပထမအမျိုးသမီး။ မနေ့ညကလေ စိတ်ချမ်းသာဖို့ကောင်းလိုက်တာ... နင်ကော ဘယ်လိုလဲ...
ဒုတိယအမျိုးသမီး။ စိတ်ပျက်စရာကြီးပါဟယ်... ငါ့ယောက်ျား အိမ်ပြန်လာတယ်... ညစာကို ၃ မိနစ်နဲ့ အပြီးစားပြီး ၂ မိနစ်အတွင်း အိပ်သွားတာပဲ... ဒါနဲ့ နင်ကဘယ်လို စိတ်ချမ်းသာဖို့ကောင်းတာလဲ...
ပထမအမျိုးသမီး။ တကယ်ပျော်စရာကြီးဟယ်... ငါ့ယောက်ျား အိမ်ပြန်ရောက်တာနဲ့ ငါ့ကို အပြင်ခေါ်ထွက်ပြီး ညစာကျွေးတယ်... အရမ်းကြည်နူးဖို့ကောင်းတယ်... ညစာစားပြီးတော့ တစ်နာရီလောက် လမ်းတူတူ လျှောက်ကြသေးတယ်... အိမ်ပြန်ရောက်တော့ သူက တစ်အိမ်လုံး ဖယောင်းတိုင်တွေ လိုက်ထွန်းတယ်... တကယ့်ကို စိတ်ကူးယဉ် ပုံပြင်တွေထဲကအတိုင်းပဲ...
-
-
-
-
-
အဲ့ဒီအချိန်မှာပဲ သူတို့ရဲ့ အမျိုးသားနှစ်ယောက်ဟာ အလုပ်မှာ စကားပြောနေကြတယ်...
ပထမအမျိုးသား။ မနေ့ညက ဘယ်လိုလဲ....
ဒုတိယအမျိုးသား။ အေးဆေးပါပဲ... အိမ်ပြန်ရောက်တော့ မိန်းမက ထမင်းပွဲပြင်ပြီးသားပဲ... ငါလည်းစားပြီးတာနဲ့ အိပ်ပစ်လိုက်တာပဲ... မင်းကော ဘယ်လိုလဲ...
ပထမအမျိုးသား။ တကယ်စိတ်ဓာတ်ကျပါတယ်ကွာ.. ငါအိမ်ပြန်ရောက်တော့ ညစာလည်းမချက်ရသေးဘူး.. မီတာခဆောင်ဖို့ မေ့နေတာနဲ့ မီးကလည်း အဖြတ်ခံထားရတယ်... ဒါနဲ့ ငါ့မိန်းမကိုခေါ်ပြီး အပြင်မှာ ညစာလိုက်ကျွေးတယ်... ဈေးကလည်း ကြီးလိုက်တာကွာ... ကားငှားဖို့တောင် ပိုက်ဆံမလောက်တော့ဘူး... ငါတို့နှစ်ယောက် အိမ်ကို လမ်းလျှောက်ပြန်လာတာ တစ်နာရီလောက်ကြာတယ်... အိမ်ပြန်ရောက်မှ မီးပြတ်နေတာသတိရတယ်... ဒါနဲ့ ငါလည်း တစ်အိမ်လုံး ဖယောင်းတိုင် လိုက်ထွန်းရတော့တာပေါ့...
Faisal Patel
နှိုင်းရင့်နွေ
Labels:
ဟာသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment