Thursday, July 23, 2015

"နည်းပညာတိုးတက်မှုကြောင့် ဝန်ထမ်းများ အလုပ်ချိန်တိုးလာ"


"နည်းပညာတိုးတက်မှုကြောင့် ဝန်ထမ်းများ အလုပ်ချိန်တိုးလာ"

လုပ်ငန်းခွင်တွေအတွက် အီလက်ထရွန်နစ်ပစ္စည်းတွေနဲ့ အင်တာနက်ဟာ မရှိမဖြစ်အရာ ဖြစ်လာတဲ့ တစ်ချိန်တည်းမှာပဲ ဝန်ထမ်းတွေကလည်း အရင်ကထက် အလုပ်ချိန်တွေ ပိုလာခဲ့တယ်လို့ စစ်တမ်းတစ်ရပ်က ဖော်ထုတ်လိုက်ပါတယ်။ ဖုန်း၊ ကွန်ပျူတာစတဲ့ နည်းပညာမြင့် ပစ္စည်းတွေကြောင့် ဝန်ထမ်းတွေဟာ တစ်နေ့တာအလုပ်ချိန် ပိုလာခဲ့တာဖြစ်ကြောင်း စစ်တမ်းက သက်သေပြနေပါတယ်။

ပျှမ်းမျှအားဖြင့် ဝန်ထမ်းတစ်ဦးဟာ မနက် ၀၇း၄၅ နာရီလောက်မှာ ကိုယ်ပိုင်အီလက်ထရွန်နစ် device တစ်ခုခုနဲ့ အင်တာနက်အသုံးပြုတက်ပြီး အလုပ်နဲ့ပတ်သက်တဲ့ အီးမေးလ်စစ်ခြင်းမျိုးတွေ ပြုလုပ်တက်ကြတယ်လို့ ဆိုပါတယ်။ ဗြိတိန်မှာ ပြုလုပ်ခဲ့တဲ့ ဒီစစ်တမ်းအရ အလုပ်ချိန်ပြီးသွားခဲ့ရင်လည်း ပျှမ်းမျှအားဖြင့် ည ၇း၄၆ နာရီလောက်မှသာ အလုပ်နဲ့ပတ်သတ်တဲ့ ကိစ္စတွေကို ရပ်နားတက်ကြတယ်လို့ ဆိုပါတယ်။ အလုပ်သမား ၄၆ ရာခိုင်နှုန်းလောက်က ကိုယ်ပိုင် အီလက်ထရွန်နစ် devices တွေကို အလုပ်အတွက်အသုံးပြုသူတွေ ဖြစ်ကြပါတယ်။ ၁၂ ရာခိုင်နှုန်းလောက်ကတော့ အလုပ်အတွက်နဲ့ အိပ်ရေးပျက်တာမျိုးတွေ အိပ်ချိန်မမှန်တာတွေ ဖြစ်ကြတယ်လို့ ဖြေဆိုထားကြပါတယ်။ ပျှမ်းမျှအားဖြင့် ဝန်ထမ်းငါးဦးမှာ တစ်ဦးလောက်က အားကစားခန်းမထဲ ရောက်နေရင်တောင် အလုပ်ကိစ္စဖုန်းပြောရတာမျိုး၊ အလုပ်က ဖုန်းခေါ်တာမျိုး ကြုံနေကြရပါတယ်။

တိုးတက်လာတဲ့ နည်းပညာနဲ့ စမတ်ဖုန်းအသုံးအဆောင်တွေဟာ ဝန်ထမ်းတွေရဲ့ အလုပ်ချိန်ကို ပိုမိုများပြားလာစေတယ်ဆိုတာ အသေအချာပါပဲ။ တစ်ချို့ဆိုရင် စနေ၊ တနင်္ဂနွေ အားလပ်ရက်မှာတောင် အလုပ်အတွက် အင်တာနက်ကတဆင့် လေးနာရီလောက်ဆီ အချိန်ပေးကြရတာကို တွေ့ရပါတယ်။


Ref - dailymail

Credit: Planet


No comments:

Post a Comment