Sunday, July 12, 2015
"ခြင်ကိုက်လို့ ယားယံကျိန်းစပ်ခြင်းကို ဘယ်လိုဖျောက်မလဲ"
"ခြင်ကိုက်လို့ ယားယံကျိန်းစပ်ခြင်းကို ဘယ်လိုဖျောက်မလဲ"
သဘာဝအတိုင်း အိမ်ပြင်ထွက်နေရတာ ပျော်ရွှင်ကြည်နူးဖွယ်ဖြစ်သလို ပိုးကောင် အမျိုးမျိုးနဲ့လည်း ရင်ဆိုင်ရတတ်ပါတယ်။ တချို့ပိုးကောင်တွေက သင့်ကို ကိုက်လိုက်ပြီဆိုရင် ဒါဟာ သင့်ကို နေမထိထိုင်မသာ ဖြစ်စေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုက်ရာတွေက ယားယံမှုနဲ့ နာကျင်မှုတွေ ဖြစ်စေတတ်လို့ပါပဲ။ ကံအားလျော်စွာ အဲဒီပြသနာအတွက် အလွန်ရိုးရှင်းတဲ့ ဖြေရှင်းနည်းတစ်ခု ရှိပါတယ်။
လုပ်ရမှာက ဇွန်းတစ်ချောင်းကို ပွတ်ပွတ်ဆူနေတဲ့ ရေနွေးထဲ ထည့်စိမ် အပူပေးပြီး ခြင်ကိုက်ခံရတဲ့ နေရာမှာ တင်ထားရုံသာဖြစ်ပါတယ်။ အမှန်မှာတော့ ပြင်းထန်တဲ့ အပူရှိန်က ခြင်ကိုက်မှုကြောင့် ထိုးဖေါက်ခံရတဲ့ ပရိုတိန်းတွေကို သွေးခဲမသွားအောင် ဖျက်စီးပစ်လိုက်တာဖြစ်ပါတယ်။
ဘေးထွက်ဆိုးကျိုးတစ်ခုအနေနဲ့ ယားကျိပြီး ကုတ်မိစေပါတယ်။ ဇွန်းအပူရှိန်ကြောင့် ပူလောင်မှုလေးက ရက်အနည်း ကျန်ရှိမှာဖြစ်ပေမယ့် ခြင်ကိုက်ခံရလို့ စပ်ဖျဉ်းဖျဉ်းဖြစ်တဲ့ ခံစားချက် ရှိတော့မှာ မဟုတ်ပါဘူး။
ပေါ်ထွန်း
Credit: Trend Myanmar
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment