Saturday, July 11, 2015
"မွေးနေ့မှာ သွေးလှူခဲ့တဲ့ မိုးယုစံ"
"မွေးနေ့မှာ သွေးလှူခဲ့တဲ့ မိုးယုစံ"
ရုပ်ရှင်သရုပ်ဆောင် မိုးယုစံသည် ဇူလိုင် ၁၁ ရက်၌ ကျရောက်သည့် ၎င်း၏ (၂၄) နှစ်မြောက် မွေးနေ့တွင် အမာခံပရိသတ်များနှင့်အတူ ရန်ကုန်ဆေးရုံကြီး အမျိုးသားသွေးဌာန၌ သွေးလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
‘‘မွေးနေ့အမှတ်တရဖြစ်အောင်နဲ့ မိုးယုရဲ့ Fan တွေကလည်း တောင်းဆိုလို့ သွေးလှူဒါန်းခဲ့တာပါ။ အခုတစ်ခေါက်နဲ့ဆို သွေးလှူဖြစ်တာ သုံးကြိမ်ရှိပါပြီ’’ ဟု မိုးယုစံက ပြောသည်။
မွေးနေ့အထိမ်းအမှတ်အဖြစ် မိုးယုစံအပါအ၀င် ၎င်း၏ အမာခံပရိသတ် တစ်ရာခန့်က သွေးလှူဒါန်းခဲ့ပြီး ၎င်းကိုယ်တိုင်ရေးဆွဲထားသည့် ပန်းချီကားနှစ်ချပ်ကို ပရိသတ်များသို့ ပြန်လည်မဲဖောက်၍ လက်ဆောင်ပေးခဲ့သည်။
ထို့ပြင် လယ်တီစံမဟာစည် သာသနာ့ရိပ်သာတွင် အလှူပြုလုပ်ကာ ကျပ် ၂၆ သိန်းလှူဒါန်းခဲ့ပြီး မှော်ဘီအောင် ဇမ္ဗူတောရကျောင်းသို့ အလှူငွေ ကျပ်ငါးသိန်းကို ၎င်း၏ Fan များနှင့်အတူ သွားရောက်လှူဒါန်းခဲ့သည်။
We Love Moe Yu San အဖွဲ့သားများနှင့်အတူ မိုးယုစံအပြင် ၎င်း၏မိသားစုဝင်များကပါ တစ်ပါတည်း သွေးလှူဒါန်းခဲ့ကြပြီး ဝေဠုကျော်နှင့် အလှမယ် ခင်လပြည့်ဇော်တို့ ပါဝင်ခဲ့သည်။ လက်ရှိတွင် မိုးယုစံသည် တီဗီကြော်ငြာများနှင့် ပြက္ခဒိန်များ ရိုက်ကူးနေပြီး ရုပ်ရှင်ရိုက်ကူးခြင်းကို ခေတ္တရပ်နားထားသည်။
ဖြူဖွေးသန့်
Credit: 7day daily
Labels:
အနုပညာသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment