Thursday, November 12, 2015

"A သွေး ယောက်ျားလေးများရဲ့ အချစ်ရေးအမြင်"

"A သွေး ယောက်ျားလေးများရဲ့ အချစ်ရေးအမြင်"

စည်းကမ်းတကျ နေတတ်တာက A သွေး အမျိုးအစား ယောက်ျားလေးတွေပါ။ သူတို့လက်ခံထားတဲ့ အချစ်ရေးအမြင်ကတော့ ဘယ်လိုဖြစ်မလဲ။ သူတို့က ဘယ်လိုဖြစ်မလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။

၁။ သူတို့မှန်းထားတဲ့ မိန်းကလေးက အဆင့်မြင့်လွန်းနေတယ်
A သွေးယောက်ျားလေးတွေဟာ သူတို့ကိုယ်တိုင် စည်းကမ်းတကျ နေတတ်ပြီး သူကြိုက်တဲ့ မိန်းကလေးဖြစ်သူလည်း သူ့လို ဖြစ်စေချင်တယ်။ သန့်ရှင်းလှပပြီး အပြောအဆိုကအစ၊ ယဉ်ကျေးသိမ်မွေ့သူကိုသာ သဘောကျလေ့ ရှိတယ်။ ဒါဆိုရင် A သွေးကောင်လေးတွေနဲ့ အဆင်ပြေစေဖို့ရန် အတွက်ကတော့ ဒီအချက်လေးတွေကို လိုက်နာလိုက်ပါ။

၂။ အချစ်ရေးမှာလည်း တိတိကျကျ သွားလေ့ရှိတယ်
A သွေး ကောင်လေးတွေက အချစ်ရေးမှာလည်း တိတိကျကျ၊ ဂရုတစိုက် လုပ်လေ့ရှိတယ်။ သူကြိုက်တဲ့ မိန်းကလေးကို ကြိုက်နေရင်တောင်မှ ကြိတ်ကြိုက်လေ့ရှိပြီး ရဲရဲတင်းတင်းတော့ မလုပ်တတ်ပါ။ မိန်းကလေးဖြစ်သူရဲ့ အရိပ်အခြေကိုကြည့်ပြီး ပထမအဆင့်အနေဖြင့် စကားစပြောပြီး၊ တဖြည်းဖြည်း ချဉ်းကပ်လေ့ရှိပါတယ်။

၃။ အတိတ်က အချစ်ရေးကို ပြန်ပြောင်းတွေးလေ့ရှိတယ်
A သွေး ကောင်လေးတွေက အရမ်းကို ရိုးရိုးကြီးတွေများလေ့ရှိတယ်။ ဒါကြောင့် တစ်ယောက်ဆိုရင် တစ်ယောက်ပဲ ကြည့်လေ့ရှိတတ်ပါတယ်။ အတိတ်မှာ ချစ်ကြိုက်ခဲ့တဲ့ မိန်းကလေးရှိရင်တောင် သူ့အကြောင်းကို ခဏခဏ ပြန်တွေးလေ့ရှိတယ်။ ဒါက သူ့အတွက် အကျင့်လိုဖြစ်နေတာကြောင့် နားလည်ပေးလိုက်ပါ။

၎။ နှစ်ယောက်အတူရှိတဲ့ အချိန်ကို တန်ဖိုးထားတယ်
သူက နှစ်ယောက်အတူနေချိန်ကို တန်ဖိုးထားတယ်။ သာမန်အချိန်မှာ သိပ်စကားမပြောပင်မယ့်လည်း မိန်းကလေးအတွက် အသက်ပဲလဲရလဲရ တသက်လုံး ကာကွယ်သွားမယ်လို့ သူ့နှလုံးသားထဲမှာ ရှိတယ်။

၅။ တစ်ယောက်မှ တစ်ယောက်ပါ
မိန်းကလေးဖြစ်သူကို ချစ်မိပြီဆိုရင် ဖောက်ပြန်ဖို့ဆိုတာ တော်တော်ကို စဉ်းစားရတာပါ။ အကယ်၍ မိန်းကလေးဖြစ်သူက ဖောက်ပြန်ခဲ့ရင်တော့ သတိထားပါ။ မနာလို၊ သဝန်တိုစိတ်က သူများတွေထက် သာပါတယ်။

၆။ ကိုယ်ဟာ ဘယ်လိုလူလဲဆိုတာကို မပြောပြတတ်ပါ
သူတို့ဟာ လူမှန်းခံရမှာကို သိပ်ကြောက်တတ်ပါတယ်။ ဒါကြောင့် ဘာလုပ်လုပ် စေ့စေ့စပ်စပ် သတိနဲ့ လုပ်လေ့ရှိပါတယ်။ ဒါကြောင့်လည်း စတွေ့ချိန်မှာ မိန်းကလေးတစ်ယောက်အနေနဲ့ သိပ်ပြီး နားမလည်နိုင်ပါ။

၇။ မိန်းကလေးဖြစ်သူအကြောင်း ဘာမဆို သိချင်တယ်
သူ့ချစ်သူအကြောင်း မိဘတစ်ယောက်လို အကုန်လုံး သိထားချင်သူပါ။ သူ့ရဲ့အတိတ်ကအကြောင်းကအစ အကုန်လုံး သိထားချင်တာပါ။

၈။ ချစ်သူ၊ မိသားစုကို အလေးပေးတဲ့သူ တစ်ယောက်ပါ
ဘာမဆို ကတိနဲ့အလုပ်လုပ်တဲ့အတွက် ကိုယ်ချစ်ရတဲ့ ချစ်သူအပြင် ကိုယ့်မိသားစု၊ သူ့မိသားစုအတွက် အနစ်နာခံတတ်သူပါ။ ဒါကြောင့် မိန်းကလေးတွေအတွက်ကတော့ A သွေး ယောက်ျားလေးက အသင့်တော်ဆုံးလို့ ထင်ပါတယ်။

Credit: ChelmoTeam


No comments:

Post a Comment