Thursday, November 12, 2015

"နေ့စဉ်ရက်ဆက် ပင်ပန်းမှုတွေ သက်သာစေမယ့် နည်းလမ်း (၇) သွယ်"

"နေ့စဉ်ရက်ဆက် ပင်ပန်းမှုတွေ သက်သာစေမယ့် နည်းလမ်း (၇) သွယ်"

လူဆိုတာ ကိုယ်ခံစားတဲ့အပေါ်မူတည်ပြီး အိုမင်းလာတာပါ။ စိတ်နုလေ ကိုယ်နုလေပါ။ ဒါပေမယ့် နေ့စဉ်ရက်ဆက် ပင်ပန်း ဆင်းရဲနေရတယ်ဆိုတာဟာ သင် အသက်ကြီးလာတာကို ပြတာမဟုတ်ပါဘူး။ အထူးသဖြင့် မောပန်းမှုတို့ကြောင့်ပါ။ နောက်တစ်ချက်ကတော့ စိတ်ဖိစီးမှုတွေကိုပါ။ ဒီလို နေ့စဉ်ရက်ဆက် ပင်ပန်းမှုတွေကို ဖယ်ရှားပြီး သင့်ရဲ့ စွမ်းဆောင်ရည်တွေကို ပြန်လည် မြှင့်တင်နိုင်မယ့် ရိုးရှင်းတဲ့ အချက်တွေ ရှိပါတယ်။ အဲဒါတွေကတော့ -

၁။ မကြာမကြာ အစာ နည်းနည်းချင်း စားပေးပါ

မကြာမကြာ အစာစားခြင်းက ပင်ပန်းမှုတွေကို ပြေပျောက်စေပါတယ်။ ဒါဟာ အရိုးရှင်းဆုံး နည်းလမ်းပါ။ ကယ်လိုရီ နည်းတဲ့ Snack တွေကို ၃ နာရီခြားတစ်ခါ စားသုံးခြင်းဟာ အစားအသောက် များများကို တစ်ကြိမ်တည်း စားခြင်းထက် ပင်ပန်းမှုတွေကို သက်သာစေနိုင်ပါတယ်။

၂။ လှုပ်ရှားမှု ပြုပေးပါ

တစ်နေကုန် အလုပ်လုပ်နေရလို့ ပင်ပန်းနေပေမယ့်လည်း ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးခြင်းဟာလည်း သင့်ရဲ့ စွမ်းအင်ပမာဏကို မြင့်တက်လာစေနိုင်ပါတယ်။ သင့်ကိုလည်း ပင်ပန်းတာတွေ သက်သာသွားသလို ခံစားရစေပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်ခန့်တော့ လမ်းလျှောက်ပေးသင့်ပါတယ်။

၃။ ရေသောက်ပေးပါ

အရိုးရှင်းဆုံး ပြောရရင် ပင်ပန်းတယ်၊ မောပန်းတယ်ဆိုတာ ရေဓါတ် ခမ်းခြောက်လာလို့ပါ။ လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ရေတစ်ခွက်လောက် သောက်ပေးလိုက်ခြင်းနဲ့ ပင်ပန်းမှုတွေ သက်သာသွားပါလိမ့်မယ်။

၎။ စောစော အိပ်ပြီး စောစောထပါ

အိပ်ရေးပျက်ခြင်းဟာ နောက်နေ့ တစ်နေ့လုံး ပင်ပန်းနေခြင်းကို ဦးတည်နေပါတယ်။ အိပ်တာများသွားရင်လည်း ခေါင်းကိုက်ပါတယ်။ အဖြေကတော့ စောစောအိပ်ယာဝင်ကာ အိပ်ရေး၀၀ အိပ်ပြီး စောစော အိပ်ယာထဖို့ပါပဲ။

၅။ ကဖိန်း မှီဝဲခြင်းကို ဖြတ်တောက်လိုက်ပါ

စိတ်ပညာ ကျွမ်းကျင်သူတွေရဲ့ သီအိုရီ အသုံးပြု လေ့လာမှုများစွာက ပြောပြခဲ့တာကတော့ ပင်ပန်းနေတတ်တဲ့ သူတွေဟာ ကဖိန်း မှီဝဲမှုကို ဖြတ်တောက်သင့်တယ်ဆိုတာပါပဲ။ ကဖိန်း မှီဝဲမှုကို တစ်လလောက် ဖြတ်တောက်လိုက်ရင် သိသိသာသာ ပင်ပန်းမှုတွေ လျော့နည်းလာမှာပါ။

၆။ ယမကာ သောက်သုံးမှုကို ဆင်ခြင်ပါ

ညနေခင်းတိုင်း ယမကာ (သို့) အရက် တစ်ခွက်လောက်သောက်လိုက်ရမှ နေသာထိုင်သာ ရှိသွားတဲ့သူတွေဟာ အိပ်ခါနီးအထိ ယမကာ သောက်တတ်ကြပါတယ်။ ယမကာ သောက်ပြီး အိပ်ယာဝင်တာဟာလည်း အိပ်ရေးဝတယ်လို့ ထင်နေတတ်ကြပါတယ်။ အမှန်က ယမကာ သောက်ပြီး အိပ်စက်တဲ့အခါ ဘယ်လောက်ပဲ ကြာအောင် အိပ်အိပ်၊ အိပ်ရေး မ၀နိုင်ပါဘူး။ ဒါကြောင့် အိပ်ယာဝင်ချိန်နဲ့ အနည်းဆုံး ၃ နာရီလောက်ခြားပြီးသာ ယမကာ သောက်သင့်ပါတယ်။

၇။ စိတ်ဖိစီးမှုတွေကို အာရုံလွှဲပြောင်းလိုက်ပါ

စိတ်ဖိစီးမှုတွေဟာ စွမ်းအင် တော်တော်များများကို ဖြုန်းတီးလိုက်နိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု ပျောက်ကင်းစေမယ့် အရာတွေကို ရှာဖွေပါ။ သူငယ်ချင်းတွေနဲ့ ရေကူးပါ။ အားကစားခန်းမကို သွားလိုက်ပါ။ သင့်ရဲ့ ပျော်ရွှင်မှုဟာ သင့်ရဲ့ စွမ်းအင် ပမာဏကို မြှင့်တင်ပေးနိုင်မှာပါ။

( Mario )

သစ်ထူးလွင်(ကျန်းမာရေး)


No comments:

Post a Comment