"နားလည်ပေးနော်"
မောင်။ ။ နင် နေရောကောင်းရဲ့လား?
ချစ်။ ။ သိပ်မကောင်းဘူး…
မောင်။ ။ ဘယ်လိုဖြစ်တာလဲ… မနေ့ကမှ အကောင်းကြီးရှိသေးတယ်…
ချစ်။ ။ အင်း…… အအေးမိသွားတာ !
မောင်။ ။ ဘာ! ဘယ်လိုဖြစ်တာလဲ??
ချစ်။ ။ ရေခဲမုန့် သွားစားမိလိုက်လို့…
မောင်။ ။ နင်ရူးနေလား??? အေးချမ်းနေတဲ့အချိန် အဲ့ရေခဲမုန့်တွေ မစားပါနဲ့! ဒီ မိုးရာသီလေးတော့ နည်းနည်းသည်းခံပါလို့ ငါ နင့်ကို မပြောဘူးလား?? နင့်ကိုယ်နင် ဘာသားနဲ့ထုထားတယ် မှတ်နေလဲ?? နင့်မှာ ဦးနှောက် မရှိဘူးလား?? ကလေးလည်း မဟုတ်တော့ဘူး… ကိုယ့်ကိုယ်ကို ဂရုစိုက်မှပေါ့။
ကောင်မလေးလည်း ကောင်လေးကိုလှမ်းဖက်ပြီး အပြုံးလေးနဲ့ပြောလိုက်တယ်……
ချစ်။ ။ နင် အဲ့လို ငါ့အပေါ် စိတ်ပူပြီး ဆူတာလေးကို ခံချင်လို့ နင် မစားနဲ့လို့ တားထားတဲ့ ရေခဲမုန့်တွေကို စားတာ…… ကဲ သိပြီလား ??
မောင်။ ။ အမ်…… အရူးမလေး ❤
ကောင်မလေးတွေဟာ ကိုယ့်ချစ်သူရဲ့ ဂရုစိုက်မှုကို ရဖို့အတွက် ပုံစံမျိုးစုံနဲ့ ကြိုးစားတတ်ကြတယ် ^_^ ❤
Credit: Hnin Nandar
Tuesday, November 24, 2015
"နားလည်ပေးနော်"
Labels:
ခံစားမှုရသ
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment