"လေလည်ခြင်းရဲ့ အနံ့အသက်တွေဟာ ကင်ဆာရောဂါအပါအ၀င် ရောဂါ အမြောက်အများကို ပျောက်ကင်းစေနိုင်"
လေလည်ခြင်းရဲ့ အနံ့အသက်တွေဟာ ဘယ်သူမှမသိသေးတဲ့ ကျန်းမာရေး ကောင်းမွန်မှုတွေ ရှိနေပြီး ကင်ဆာရောဂါ၊ လေဖြတ်ခြင်း၊ နှလုံးဖောက်မှု စတဲ့ ရောဂါတွေကိုလည်း သက်သာ ပျောက်ကင်းအောင် ကူညီပေးနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
အစာအိမ်အတွင်းက ဘက်တီးရီးယား ပိုးမွှားတွေ အစာချေဖျက်လိုက်တဲ့အခါမှာ ထွက်ပေါ်လာတဲ့ ဟိုက်ဒရိုဂျင် ဆာလ်ဖိုဒ်ဟာ အနံ့ ပြင်းပြီး လေထုညစ်ညမ်းစေတဲ့ ဓါတ်ငွေ့တစ်မျိုးပဲ ဖြစ်ပါတယ်။ ထို ဓါတ်ငွေ့ဟာ ပမာဏ များတဲ့အခါမှာ အဆိပ်အတောက် ဖြစ်စေပြီး ပမာဏ နည်းတဲ့အခါမှာတော့ ဆဲလ်တွေကို ကာကွယ်ပေးပြီး နာမကျန်းဖြစ်ခြင်းကိုလည်း တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ Exeter တက္ကသိုလ်က သုတေသီတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဆဲလ်တွေ ရောဂါရဲ့ ဖိစီးမှုကို ခံရတဲ့အခါမှာ ထိုဆဲလ်တွေဟာ အင်ဇိုင်းဓါတ်တွေအတွင်း ၀င်ရောက်ဖို့ ကြိုးစားပြီး သူတို့ရဲ့ ကိုယ်ပိုင် ဟိုက်ဒရိုဂျင် ဆာလ်ဖိုဒ် တွေကို ထုတ်လုပ်ဖန်တီး လိုက်ပါတယ်။ ထို ဓါတု ပစ္စည်းတွေဟာ သွေးကြောတွေမှာရှိတဲ့ ဆဲလ်တွေထဲမှာ စွမ်းအင် ထုတ်လုပ်မှုကို ပြုလုပ်ပေးတဲ့ Mitochondria ကို မူလအခြေအနေအတိုင်း ထိန်းသိမ်းနိုင်အောင် ကူညီပေးပါတယ်။ Mitochondria မရှိရင်တော့ ဆဲလ်တွေဟာ သေဆုံးသွားနိုင်ပါတယ်။
သုတေသီတွေကတော့ AP39 လို့ခေါ်တဲ့ ဓါတ်ပေါင်း တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပြီး ထို ဓါတ်ပေါင်းဟာ ခန္ဓာကိုယ်ကို လိုအပ်တဲ့ ဟိုက်ဒရိုဂျင် ဆာလ်ဖိုဒ် ပမာဏတွေ ထုတ်လုပ်ပေးနိုင်အောင် ကူညီပေးနိုင်တယ်လို့လည်း သိရပါတယ်။ ထို ဓါတ်ပေါင်းဟာ Mitochondria ကြောင့် ထိခိုက်မှုတွေကို ကာကွယ်ပေးပြီး လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ ဆီးချို သွေးချိုနဲ့ အိုမင်းရင့်ရော်မှုတွေ ဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်တယ်လို့လည်း သိရပါတယ်။
လူသားတွေမှာ စမ်းသပ်မှု မပြုလုပ်ရသေးပေမယ့် သုတေသီတွေဟာ AP39 ရဲ့ ထိရောက်မှုတွေကို ရောဂါပိုးတွေနဲ့အတူ ဓါတ်ခွဲခန်းတွေမှာ စမ်းသပ်ခဲ့ကြပါတယ်။
Medicinal Chemistry Communications ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ ရလဒ်တွေအရတော့ AP39 ဟာ Mitochondria ကြောင့် ဖြစ်ပွားလာနိုင်တဲ့ ရောဂါအခြေအနေ ၈၀ ရာခိုင်နှုန်းခန့်ကို သက်သာပျောက်ကင်းအောင် ကူညီပေးနိုင်တယ်ဆိုတာလည်း သိခဲ့ရပါတယ်။
( Mario )
သစ်ထူးလွင်(ကျန်းမာရေး)
Sunday, November 8, 2015
"လေလည်ခြင်းရဲ့ အနံ့အသက်တွေဟာ ကင်ဆာရောဂါအပါအ၀င် ရောဂါ အမြောက်အများကို ပျောက်ကင်းစေနိုင်"
Labels:
ကျန်းမာရေး,
ဗဟုသုတ
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment