"ဘယ်သူ့အတွက် အသက်ရှင်မလဲ"
လူရယ်လို့ ဖြစ်လာရင် သင့်ကို အားကျတဲ့လူ ရှိသလို၊ အမြင်ကပ်တဲ့လူလည်း ရှိမယ်။ သင့်ကို မနာလိုတဲ့ လူရှိသလို၊ အထင်သေးတဲ့လူလည်း ရှိမယ်။ ဒါ ဖြစ်လေ့ဖြစ်ထ သဘာဝပါ။ သင် ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ် သင် ဘယ်လောက်ပဲ အနှစ်နာခံ ကျိုးစားကျိုးစား လူတိုင်းကို ကျေနပ်အောင်တော့ သင် မစွမ်းဆောင်နိုင်ပါဘူး၊
ဒါကြောင့်မို့လို့ သူများအကြိုက်ကိုဆောင်ဖို့ သင့်ရဲ့ပင်ကိုယ်တန်ဖိုးကို အထိခိုက်မခံပါနဲ့။ သင့်ခံယူချက်အပေါ် သင်ကာကွယ်သင့်ပါတယ်။
သိထားဖို့က သူများပါးစပ်ဖျားပေါ်က ”သင်” ဟာ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ သင် အစစ်အမှန် မဟုတ်ပါဘူး။
လူဆိုတာ မျက်စိချင်းတူသော်ငြားလည်း၊ အမြင်ချင်း မတူပါဘူး၊ နားပေါက်ချင်း တူသော်ငြားလည်း၊ ကြားပုံချင်းမတူပါဘူး၊
ပါးစပ်ချင်းတူသော်ငြားလည်း၊ ပြောဆိုပုံချင်း မတူပါဘူး၊ ဦးနောက်ချင်း တူသော်ငြားလည်း၊ အယူအဆချင်း မတူနိုင်ပါဘူး၊
လူချုင်းတူသော်ငြားလည်း၊ အသက်ရှင် နေထိုင်ပုံချင်း မတူပါဘူး။
ဒီအတွက်ကြောင့် သင် ဘယ်လောက်ပဲ ထူးချွန်ထူးချွန်၊ နားလည်တဲ့လူနဲ့ တွေ့ဦးမှ။ သင် ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်၊ ကျေးဇူးတင်တတ်တဲ့လူနဲ့ တိုးဦးမှ။ သင် ဘယ်လောက်ပဲ ရိုးသားရိုးသား၊ သံသယ နည်းတဲ့လူနဲ့ ဆုံဦးမှ။ သင် ဘယ်လောက်ပဲ နှိမ့်ချနှိမ့်ချ၊ တန်ဖိုးထားတတ်တဲ့လူနဲ့ ကြုံဦးမှ။
နောက်ဆုံးတော့ သိတာလည်း အားလုံးမပြောနဲ့။ မြင်တာလည်း အားလုံးမယုံနဲ့။ သင် ဘယ်သူ့ကို ဘယ်လောက်ချစ်တယ် ခင်တယ်ပဲဆိုဆို ကိုယ့်အတွက် အသက်ရှင်ဖို့လည်း မမေ့ပါနဲ့……။
Credit: sayar Aung ko latt
Tuesday, November 24, 2015
"ဘယ်သူ့အတွက် အသက်ရှင်မလဲ"
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment