"လူတစ်ယောက်ကို ကြည့်လိုက်တာနဲ့ သူ့အကြောင်း သင် ချက်ချင်းပြောနိုင်မယ့် အချက် (၅) ချက်"
ကျွန်တော်တို့ ကလေးတုန်းကတော့ ကျွန်တော်တို့တွေရဲ့ အာရုံခံအင်္ဂါငါးမျိုးကို အသုံးချပြီး ဒီလောကကြီးအကြောင်းကို လေ့လာဆည်းပူးခဲ့ကြရပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်ကအရာတွေကို ဂရုတစိုက် ကြည့်ရှုမှတ်တယ်။ ထိတွေ့ပြီး လေ့လာတယ်။ တွေ့သမျှကို အရသာခံကြည့်တယ်။ အနံ့ပေါင်းစုံ ရှူကြည့်ကြတယ်။ ဒါမှမဟုတ် နားနဲ့ နားထောင်ပြီး ဒီလောကကြီးအကြောင်း သင်ယူခဲ့ကြပါတယ်။ ကျွန်တော်တို့ လူလားမြောက်လာချိန်မှာတော့ ဒီအာရုံခံ အင်္ဂါအချို့ကို သိပ်အသုံးချ အားကိုးမှု မရှိတော့ပေမယ့် ကျွန်တော်တို့ဟာ လူတစ်ယောက်ကို ကြည့်လိုက်ရုံနဲ့ အဲဒီလူအကြောင်းကို သိရှိနိုင်တယ်လို့ Time မဂ္ဂဇင်းရဲ့ ဆောင်းပါးတစ်ခုမှာ ဖော်ပြထားပါတယ်။
၁။ သူတို့ရဲ့ ပင်ကိုယ်စရိုက်တွေက ဘာလဲဆိုတာ
လူတစ်ယောက်ရဲ့ အပြင်ပန်းပုံစံ၊ အပြုအမူတွေကိုကြည့်ပြီးတော့ သူတို့ရဲ့ စရိုက်အထွေထွေကို ခန့်မှန်းနိုင်ကြောင်း လေ့လာမှုတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။ ဒီလူ ဘယ်လောက်ဖော်ရွေလဲ၊ ဘယ်လောက် မာနကြီးလဲ၊ ဒါမှမဟုတ် ဘယ်လောက် ဘာသာရေးကိုင်းရှိုင်းလဲဆိုတာ သူ့ရဲ့ ပုံစံသွင်ပြင်မှာတင် သိနိုင်တယ်လို့ ဆိုပါတယ်။ ဒီ့အပြင် စိုးရိမ်ပူပန်မှုတွေမရှိတဲ့ စိတ်အေးလက်အေး ကိုယ်ဟန်အနေအထားနဲ့ လူတစ်ယောက်ရဲ့ ဓာတ်ပုံကိုကြည့်တာနဲ့ ဒီလူဟာ စိတ်ဓာတ်တည်ငြိမ်တယ်၊ ခင်ဖို့ကောင်းတယ်၊ ပျော်တတ်တယ် ဆိုတာ ပြောနိုင်တယ်လို့ ဆိုပါတယ်။
၂။ ဒီလူဟာ ထက်မြက်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်နိုင်မလားဆိုတာ
New Scientist ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားချက်အရ၊ အရည်အချင်းရှိပြီး၊ ဒီအလုပ်နဲ့ သင့်တော်တယ်လို့ ထင်ရတဲ့ ပုံစံပေါက်တဲ့ နိုင်ငံရေးသမားတွေဟာ ရွေးကောက်တင်မြှောက်ခံရခြေ ပိုများပြီး၊ သြဇာကြီးတဲ့ပုံစံပေါက်တဲ့ CEO ဟာ အမြတ်အစွန်းပိုကြီးတဲ့ ကုမ္ပဏီတစ်ခုကို ကိုင်ရနိုင်ခြေ ပိုများကြောင်း လေ့လာတင်ပြထားပါတယ်။
၃။ ဒီလူက ရာဇ၀တ်ကောင်လားဆိုတာ
လေ့လာမှုတစ်ခုမှာ ပါဝင်သူတွေကို ရာဇ၀တ်သမားတွေနဲ့ ရာဇ၀တ်သမား မဟုတ်သူတွေရဲ့ ဦးခေါင်းပိုင်းသာရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပေးပြီး ခန့်မှန်းခိုင်းခဲ့ရာမှာ တော်တော်များများ မှန်အောင် ခန့်မှန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
၎။ သူတို့ရဲ့ လူမှုစီးပွားရေးအခြေအနေ
Psychological Science ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုအရ လူတစ်ယောက်ရဲ့ ကိုယ်လက်အမူအရာက လူတစ်ယောက်ရဲ့ လူမှုစီးပွားရေးအခြေအနေ (SES) ကို ခန့်မှန်းနိုင်တယ်လို့ ဆိုပါတယ်။ လူမှုရေးအရကော စီးပွားရေးအရပါ ချမ်းသာပြည့်စုံတဲ့ အသိုင်းအ၀ိုင်းမိဘက ဆင်းသက်လာသူတွေမှာ SES မပြည့်စုံသူ မိဘတွေက ဆင်းသက်လာသူတွေထက် အလေးမစိုက်၊ ဂရုမထား တတ်တဲ့ အမူအရာတွေ ပိုတွေ့ရတယ်လို့ ဆိုပါတယ်။
၅။ ကိုယ့်ကိုဆွဲဆောင်မှုရှိလားဆိုတာ
သူ့မျက်လုံးသူငယ်အိမ် ကျယ်ကျယ်လေး၊ မျက်ခုံးတွန့်တွန့်၊ ပြုံးသယောင်ရှိနေတဲ့ မျက်လုံးတွေ၊ သူ လျှာကို ချစ်စရာကောင်းအောင် သပ်လိုက်ပုံ စတဲ့ ခန္ဓာဗေဒအပြုအမူတွေက ကိုယ့်နှလုံးသားကို လာထိသလားဆိုတာ သူ့ကိုမြင်လိုက်ရုံနဲ့ သိနိုင်ပါတယ်။
ye wint
Credit: Trend Myanmar
Wednesday, November 25, 2015
"လူတစ်ယောက်ကို ကြည့်လိုက်တာနဲ့ သူ့အကြောင်း သင် ချက်ချင်းပြောနိုင်မယ့် အချက် (၅) ချက်"
Labels:
အတွေးအမြင်
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment