Monday, November 16, 2015

"အမြွှာညီအစ်မနှင့် အမြွှာညီအစ်ကိုတို့၏ လက်ထပ် မင်္ဂလာပွဲ"

"အမြွှာညီအစ်မနှင့် အမြွှာညီအစ်ကိုတို့၏ လက်ထပ် မင်္ဂလာပွဲ"

လက်ထပ်ပွဲ အများအပြားကို ကြုံဖူးကြသော်လည်း ယခုကဲ့သို့ ထူးဆန်းသည့် လက်ထပ်မင်္ဂလာပွဲကိုတော့ မြင်တွေ့ဖူးချင်မှ မြင်တွေ့ဖူးကြပါလိမ့်မည်။ ဘာဖြစ်လို့လဲဆိုတော့ လက်ထပ်မင်္ဂလာပွဲကို အမြွှာညီအစ်မနှင့် အမြွှာညီအစ်ကိုတို့ဖြင့် ကျင်းပခဲ့ခြင်းကြောင့် ဖြစ်သည်။ အမြွှာညီအစ်မ ဖြစ်သူကို အမြွှာညီအစ်ကိုက လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ ပိုပြီး ထူးဆန်းသည်မှာ မင်္ဂလာပွဲတွင် ပါဝင်ခဲ့သည့် သတို့သမီးအရံ၊ သတို့သား အရံနှင့် ပန်းကိုင်တို့မှာလည်း အမြွှာများ ဖြစ်နေကြခြင်း ဖြစ်သည်။

ယင်းမင်္ဂလာပွဲကို အိန္ဒိယနိုင်ငံတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ကီရာလာ ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် မင်္ဂလာပွဲတွင် ဒင်ကာနှင့် ဒါရာ အမြွှာညီအစ်ကိုနှစ်ဦးနှင့် ရီနာနှင့် ရီမာ အမြွှာညီအစ်မ နှစ်ဦးတို့သည် ထူးခြားသည့် မင်္ဂလာပွဲကို ကျင်းပ ခဲ့ခြင်းကြောင့် မီဒီယာများတွင် အကျယ်တ၀င့် ဖော်ပြခံခဲ့ရသည်။  ယင်းမင်္ဂလာပွဲကို အမြွှာစုံတွဲ ငါးတွဲဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အမြွှာညီအစ်ကို နှစ်ဦးသည် ပြီးခဲ့သည့် ငါးနှစ်ကတည်းက အမြွှာညီအစ်မ နှစ်ဦးနှင့် ချစ်ကြိုက်ခဲ့ခြင်းဖြစ်ပြီး၊ သူတို့သည် ကျောင်းသားဘ၀ကတည်းက တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ သို့သော် အမြွှာတွေ ပါဝင်သည့် လက်ထပ်ပွဲ ဖြစ်မြောက်လာရေးအတွက်  အခက်အခဲမျိုးစုံ ကြုံခဲ့ရသည်။ အမြွှာများကို လက်ထပ်ပွဲတွင် ပါဝင်နိုင်ရေးအတွက် လူမူကွန်ရက်များနှင့် သတင်းစာများတွင် ကြော်ငြာများ ထည့်သွင်းခဲ့ရသည်။ နောက်ဆုံးတွင် ထူးခြားသည့် လက်ထပ်ပွဲကို ကျင်းပနိုင်ခဲ့ခြင်းကြောင့် အားလုံး ပျော်ခဲ့ရသည်။ အမြွှာညီအစ်ကိုထဲမှ တစ်ဦး ဖြစ်သော ဒါရာက မိမိတို့အတွက် အံ့အားသင့်စရာကောင်းသည့်  မင်္ဂလာပွဲ ဖြစ်ကြောင်း၊ အမြွှာညီအစ်မ နှစ်ဦးကို မိမိတို့ ညီအစ်ကိုက ပိုင်ဆိုင်ခွင့် ရခြင်းသည် ကံကောင်းကြောင်း၊ အမြွှာများဖြင့် ပြုလုပ်ခဲ့သော မင်္ဂလာပွဲ ဖြစ်ခြင်းကြောင့် ပျော်ရွှင် ကျေနပ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

အေသင်အောင်

Credit: messenger


No comments:

Post a Comment