Thursday, November 12, 2015

"မိန်းမတို့အရွယ် (၅) မျိုး"


"မိန်းမတို့အရွယ် (၅) မျိုး"

ပထမအရွယ်‬ (ဘောလုံး)
ခေတ်ကောင်းချိန်ပေါ့။ တစ်ဖက်ကို ၁၁ ယောက်စီနဲ့ စုစုပေါင်း ၂၂ ယောက် အသည်းအသန် လုနေရတယ်။ ကိုယ်လက်ထဲရောက်လာရင် သူများလက်ထဲပါမသွားရအောင် ဂရုစိုက်ရတယ်။ အဲဒီ ကွင်းထဲက ၂၂ ယောက်က တစ်ယောက်နားရရင်လဲ အစားဝင်မယ့်သူက နောက်ထပ် တစ်သင်းစာ အဆင်သင့်ရှိနေတယ်။ ကွင်းအပြင်က ပရိသတ်ကလဲ ကွင်းထဲမှာ ကစားနေသူတွေကို အထင်ကြီးအားကျတဲ့ စိတ်တွေနဲ့ပေါ့။ ဘောလုံးက နာမည်ကြီးရင်ကြီးသလို ရုပ်မြင်သံကြား ပရိသတ်ကလဲ သန်းချီရှိသေးတယ်။

ကျောင်း၊ အလုပ်၊ သင်တန်း ဘယ်သွားသွား စာလိုက်ပေးတဲ့သူ၊ ရည်းစား စကားလိုက်ပြောတဲ့သူ အပြည့်ပေါ့။

‎ဒုတိယအရွယ်‬ (ဘတ်စကတ်ဘော)
ဝင်ပြီးလုတဲ့လူ တစ်ဝက်။ (၆) ယောက်လောက်ပဲရှိတော့တယ်။ ဒါပေမယ့် အသည်းအသည်တော့ လုနေရတုန်းပဲ။ ပရိသတ်ကလဲ ဒီလောက်မများတော့ဘူး။

ရည်းစားစကားလိုက်ပြောတဲ့သူတွေတော့ ရှိသေးတယ်။ ဒါပေမယ့် ဘယ်သွားသွားတော့ မဟုတ်တော့ဘူး။ ကိုယ်နဲ့ ကျောင်းအတူတူ၊ အလုပ်အတူတူ၊ နီးစပ်တဲ့သူတွေထဲကပဲ။

တတိယအရွယ်‬ (ဘော်လီဘော)
ကိုယ့်လက်ထဲမှာ ကြာကြာမထားတော့ဘူး။ မြှောက်တင်တယ်။ ပြီးရင် သူများဘက်ကို ရိုက်ချရတယ်။

အပျိုကြီးလို့ စပြီး မထိတထိ အခေါ်ခံရတဲ့ အချိန်ပေါ့။ ချောသေးတယ်၊ လှသေးတယ် မြှောက်ပေးကြတယ်။ ပြီးတော့ ကိုယ့်ပတ်ဝန်းကျင်နားက လူပျိုကြီးဆိုသူတွေထံကို ရိုက်ချကြတယ်။

စတုတ္ထအရွယ် (တင်းနစ်ဘောလုံး) ကိုယ့်ဘက်ကို ဘောလုံး တစ်ချက်ထက်ပို အကျမခံတော့ပဲ ပြန်ရိုက်ထုတ်တော့တာပဲ။ ဟိုဘက်ကလည်း သူ့ဘက်ကိုအကျမခံ အသည်းအသန် ပြန်ရိုက်ထုတ်တာပဲ။

အပျိုကြီးလာပြီဟေ့ ဆိုတာနဲ့ လူပျိုလေးတွေကော၊ လူပျိုကြီးများပါ ထပြေးရတဲ့ အချိန်ပေါ့...

ပဉ္စမအရွယ်‬ (ဂေါက်သီး)
တစ်ယောက်ပဲရှိတော့တယ်။ သူကလဲ ဘယ်လောက်ထိ ဝေးအောင်ရိုက်နိုင်မလဲဆိုပြီး လွှဲရိုက်ဖို့ပဲ ပြင်နေတော့တယ်။ ဝေးလေကောင်းလေပဲ...

FB မှ

lu bo


No comments:

Post a Comment