"စိတ်ဓာတ်ရင့်သူ"
လူတိုင်းလူတိုင်းပင် မိမိစိတ်ဓာတ် အတော်ရင့်မာပြီဟု ထင်တတ်ကြလေသည်။ မိမိစိတ်ဓာတ် မည်မျှရင့်မာသည်ကို သေချာစွာ သိနိုင်ရန်အတွက် အောက်ပါ နည်းစနစ်များဖြင့် စစ်ဆေးကြည့်ပါလေ။
၁။ အဆွေသည် သူတပါးကို ကူညီထောက်ပံ့တတ်သလော။
၂။ လေးနက်သော အကြောင်းအရာများကို ဆွေးနွေးတတ်သလော။
၃။ ငွေကို အကျိုးရှိအောင် သုံးစွဲတတ်သလော။
၎။ အကျိုးရှိမည့် စိတ်ပျော်သော အလုပ်များကို လုပ်ကိုင်တတ်သလော။
၅။ တိုးတတ်ရေးအတွက် စာဖတ်ပါ၏လော။
၆။ အနာဂတ်အတွက် ငွေစုပါ၏လော။
၇။ အများကောင်းစားရေးအတွက် ထောက်ပံ့ပါ၏လော။
၈။ မိမိ၏ အလုပ်ကိစ္စများကို မိမိကိုယ်တိုင် စီစဉ်ပါ၏လော။
၉။ သူတစ်ပါးအားရှိအောင် အားပေးတတ်ပါသလော။
၁၀။ အလုပ်လုပ်ရာ၌ ပင်ကိုယ်ဥာဏ်ကို သုံးပါ၏လော။
၁၁။ လူအများအတွက် အကျိုးရှိအောင် လုပ်နိုင်သည်ဟု စဉ်းစားပါ၏လော။
၁၂။ မိမိ၏အလုပ်များကို အစွမ်းကုန် လုပ်ကိုင်ပါ၏လော။
၁၃။ သူတစ်ပါး၏ အလုပ်အကိုင်များကို စီစဉ်လုပ်ကိုင်ပေးတတ်ပါသလော။
၁၄။ အများကောင်းစားရေးအတွက် ရှေ့ဆောင်လမ်းပြ ပြုလုပ်တတ်ပါသလော။
ထိုအချက် ၁၄-ချက်အနက် ၈-ချက်မျှစုံလျှင် စိတ်ဓာတ်အတော်ရင်မာပြီဟု ဆိုရပေမည်။
အောင်မြင်ရေးနည်း ၁၀၈ (တက္ကသိုလ် ဆုမြိုင်)
Thursday, November 19, 2015
"စိတ်ဓာတ်ရင့်သူ"
Labels:
လူမှုဘဝ,
အတွေးအမြင်
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment