"ပွဲသိမ်း"
ရှုံးတော့သာကြေကွဲရတာပါ
နိုင်တော့လည်း မပျော်နိုင်ပါဘူး။
ရန်သူတွေကပေးတဲ့ ဒဏ်ရာထက်
ချစ်သူတွေကပေးတဲ့ဒဏ်ရာက ပိုနက်ရှိုင်းပါတယ်။
ဘာကိုယုံကြည်ရဦးမလဲ?
ဘယ်သူ့ကို ယုံကြည်ရဦးမလဲ?
မင်သက်ပြီးရပ်နေမိခဲ့ အယုံရဆုံးသူဟာ
အရက်စက်ဆုံး ဖြစ်တတ်တယ်။
ရုပ်ရှင်တွေထဲမှာ မြင်ဘူးလား?
ရှုံးနေတဲ့သူကို မသတ်ရက်လို့ လှည့်အထွက် နောက်ကျောကို ဓားသွားက လျှပ်တပြက်ဝင်လာ ငါ့အဖြစ်လည်း ဒီအတိုင်းအတိအကျ……။ ။
No comments:
Post a Comment