Monday, November 2, 2015

"ယောက်ျားလေး … မိန်းကလေး"


"ယောက်ျားလေး … မိန်းကလေး"

ယောက်ျားဆိုတာ...
သင်က သူ့ကိုနမ်းရင် သူက သင့်ကို ပြန်နမ်းမယ်။ မနမ်းရင်လည်း သူက စိတ်ရှည်ရှည်နဲ့စောင့်မယ်။

သင်ကသူ့ကို ချီးမွမ်းရင် သူက ကျေးဇူးပါလို့ ပန်ပြောမယ်။ မချီးမွမ်းရင်လည်း သင့်အချစ်နဲ့ကို သူ စိတ်ချနေမယ်။

သူ့အကြိုက်တွေ အားလုံးကို သင် သဘောကျရင် သင်ကံကောင်းတယ်။ မကြိုက်ရင်လည်း တပူးတွဲတွဲပါပဲ။

သင်က သူ့ဆီကို မကြာခဏသွားလည်းရင် သူက အမြဲတမ်း သင့်ကို ကြိုမယ်။ သင်က သွားမလည်ရင်လည်း သူက သင့်ဆီကို လာလည်မယ်။

သင် ကောင်းကောင်းမွန်မွန် ၀တ်စားထားရင် မင်း အရမ်းလှတာပဲလို့ သူက ပြောမယ်။ အဲ့လို မ၀တ်စားရင်လည်း မင်းဟာ လှနေတုံးပါပဲ။

သင်က မနာလိုအူတို ဖြစ်ခဲ့ရင် သင့်ကို စိတ်ချဖို့ပြောပြီး ထွေးပွေ့မယ်။ မနာလိုမဖြစ်ရင်လည်း ဘာမှပြောမှာမဟုတ်။

သင် သူ့ကို တော်တော်ကြာမှ တခါလောက်နမ်းရင် သင်ရဲ့မြတ်နိုးမူကို တန်ဖိုးထားမယ်။ မကြာခဏနမ်းရင်လည်း သူ့အတွေးထဲမှာ သင် အမြဲရှိမယ်။

သူမက တခြားသူတွေကို ငေးမိရင် သူက လေးစားလို့ကြည့်တာလို့ သိတယ်။ သူ့ကို တခြားမိန်းမကငေးရင်လည်း သူမက လန်းလို့ ကြည့်တာ။

သူမ စကားပြောရင် သူ အမြဲနားထောင်တယ်။
သင် နားထောင်ရင် သင် သိချင်တာအားလုံး သူပြောပြလိမ့်မယ်။

အတိုချုပ်ရင်…
ရှုပ်ထွေးသလောက် တည့်တည့်ပြောသူ။
ခွန်အားရှိသလို အရမ်းပံ့ပိုးသူ။
တောက်ပြောင်သလောက် နှိမ့်ချတတ်သူ။
စိတ်ပြင်းထန်သလို အံသြဖွယ်ကောင်းသူ။ ယောက်ျား။

*****     *****     *****     *****    *****

မိန်းကလေးဆိုတာ…
သင်က သူ့ကိုနမ်းလိုက်ရင် သင်ဟာ လူကြီးလူကောင်းမဆန်သူ။ မနမ်းတဲ့အခါ သင်ဟာ ယောက်ျားမဟုတ်။

သင်က သူ့ကို ချီးကျူးလိုက်ရင် သင် လိမ်နေတယ်လို့ ထင်တယ်။ မချီးကျူးပဲနေပြန်တော့ သင်ဟာ အသုံးမကျတဲ့သူ။

သူ မကြိုက်တာတွေကို သင် အာလုံးသဘောတူရင် သူ မကောင်းပြောတော့မယ်။ သဘောမတူပဲ နေပြန်တော့ သင်ဟာ နားလည်းမှု မရှိသူ။

သူ့ဆီကို သင် မကြာခဏ အလည်သွားရင် သူ့စိတ်ထဲမှာ ပျင်းစရာလို့ထင်တယ်။ မသွားပြန်ရင်တော့ အပြင်မှာ ခြေရှုပ်နေတယ်လို့ သင့်ကို စွတ်စွဲလိမ့်မယ်။

သင် ကောင်းကောင်းမွန်မွန် ၀တ်စားထားရင် သင်ဟာ စတိုင်များသူလို့ သူပြောမယ်။ မ၀တ်စားပြန်တော့ သင်ဟာ ခပ်တုံးတုံးကောင်။

သင်က မနာလိုအူတိုဖြစ်ခဲ့ရင် အဲဒါ မကောင်းဘူးလို့ သူပြောမယ်။ အဲ့လို မဖြစ်ပြန်တော့ သင် သူ့ကို မချစ်တော့ဘူးလို့ ထင်မယ်။

သင်က ချစ်လို့ တီတီတာတာလုပ်ရင် သင်က သူ့ကို မလေးမစား လုပ်ပါတယ်လို့ ပြောမယ်။ မလုပ်ပြန်တော့ သင်က သူ့ကို မကြိုက်ဘူးလို့ ထင်မယ်။

သင်က သူ့ကို တော်တော်ကြာကြာနေမှ တခါလောက်နမ်းရင် သင်ဟာ သူနဲ့ပက်သက်ရင် သွေးအေးလွန်းတယ် ပြောမယ်။ ခဏခဏနမ်းပြန်တော့ သင်ဟာ အခွင့်အရေးယူနေတယ်လို့ သူမ အော်တတ်နေမယ်။

သူ လမ်းကူးတဲ့အခါမှာ သင်က ကူညီပေးဖို့ ပေါ့လျော့ခဲ့ရင် သင်ဟာ ယဉ်ကျေးမူမရှိသူ။ အဲ့လို ကူညီပြန်တော့ ဒါဟာ ယောက်ျား မာယာတမျိုးလို့ သူမထင်မယ်။

သင်က တခြားသူကိုငေးမိရင် သင့်ကို ဖွန်ကြောင်တယ်လို့ စွတ်စွဲမယ်။ သူမကို တခြားသူက ငေးမိရင်တော့ လေးစားလို့ ကြည့်တာပါလို့ ပြောမယ်။

သူမ စကားပြောတဲ့အခါ သင့်ကို နားထောင်စေချင်တယ်။ သင်နားထောင်တဲ့အခါ သင့်ကို စကားပြောစေချင်ပြန်ရော။

အတိုချုပ်ရင်…
ရိုးရှင်းသလောက် သိပ်လှတဲ့ဟန်ပန်လေး။
အားနည်းသလောက် စွမ်းအားရှိသူ။
စိတ်ရှုပ်စရာကောင်းသလောက် သဘောကျစရာ ကောင်းသူ။ မိန်းမ။

Credit: ကိုမျိုး (မိုးညှင်း)

No comments:

Post a Comment