Friday, November 27, 2015

"ချစ်စရာကောင်လေးတွေက ကိုယ့်ကို အိပ်ပျော်တဲ့အထိ ဖက်အိပ်ပေးမယ့် ၀န်ဆောင်မှုကို ဂျပန်နိုင်ငံမှာ စတင်"

"ချစ်စရာကောင်လေးတွေက ကိုယ့်ကို အိပ်ပျော်တဲ့အထိ ဖက်အိပ်ပေးမယ့် ၀န်ဆောင်မှုကို ဂျပန်နိုင်ငံမှာ စတင်"

ညဘက် တစ်ယောက်တည်း လန့်နိုးပြီး အိပ်မရဖြစ်နေချိန်မှာ ချစ်စရာ ကောင်လေးတစ်ယောက်က ကိုယ့်ကို ပွေ့ဖက်ပြီး ကိုယ့်အခက်အခဲ ပြဿနာတွေကို နားထောင်ပေးရင် ကောင်းမှာပဲလို့ စိတ်ကူးဖူးလား။

အခုအခါမှာတော့ တိုကျိုအခြေစိုက် ကုမ္ပဏီ Rose Sheep ဟာ ဒီလိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ ရောက်ရှိလာပါပြီ။ ကုမ္ပဏီဟာ အသက် ၂၀ ကနေ ၃၀ အတွင်း ရုပ်ရည်ချောမော၊ ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတွေဟာ သင့်အိမ်ကိုလာပြီး သင် အိပ်ပျော်တဲ့အထိ ဖက်ထားပေး၊ တကယ်လို့ သင်ဆန္ဒရှိရင် သင်နဲ့အတူတူ သောက်၊ သင်ပြောတာတွေ နားထောင်ပေးမယ့် ၀န်ဆောင်မှုကို စတင်လိုက်ပါတယ်။ ဒီဝန်ဆောင်မှုကို Soineya service လို့ အမည်ပေးထားပြီး ‘အတူဖက်အိပ်ဝန်ဆောင်မှု’ လို့ အကျဉ်းချုံး ပြန်ဆိုလို့ရပါတယ်။ ဒါပေမယ့် ဒီဝန်ဆောင်မှုဟာ ပြည့်တန်ဆာဝန်ဆောင်မှု မဟုတ်ဘဲ၊ အမျိုးသားအကုန်လုံးဟာ ချောမော ချစ်စရာကောင်းသလို လုံခြုံရေးအတွက်လည်း စိတ်ချရတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

ဈေးနှုန်းကတော့ ၀န်ဆောင်မှု အချိန်ပေါ်မူတည်မှာဖြစ်ပြီး နှစ်နာရီစာ တစ်မှေးအိပ် ဆက်ရှင်အတွက် ၁၆၇ ကန်ဒေါ်လာနဲ့ လေးနာရီစာအတွက် ၃၃၄ ဒေါ်လာ ကျသင့်မှာဖြစ်ကာ၊ တစ်ညလုံး ဆက်ရှင်အတွက် ၆ နာရီစာဆိုရင် ဒေါ်လာ ၅၁၀ ကျသင့်မှာဖြစ်ပြီး ၁၆ နာရီစာ ဆိုရင်တော့ ဒေါ်လာ ၁၀၁၀ ကျသင့်မှာပါ။ ယခုအခါ ပထမဆုံးအကြိမ် ၀န်ဆောင်မှု ခေါ်ယူတဲ့ ဖောက်သည်တိုင်းအတွက် တစ်မှေးအိပ် ဆက်ရှင်အတွက် ဒေါ်လာ ၅၀ လျှော့ဈေး ရမှာဖြစ်ပြီး တစ်ညလုံးဆက်ရှင်အတွက် ဒေါ်လာ ၉၀ လျှော့ဈေးပေးထားပါတယ်။

ဝန်ဆောင်မှု ထုံးစံမှာတော့ ကိုယ့်အိမ်လာအိပ်ပေးတဲ့ အမျိုးသားဝန်ဆောင်မှုရှင်တွေဟာ သူတို့ ညအိပ်ဝတ်စုံနဲ့ သူတို့ လာမှာဖြစ်ပေမယ့် ဖောက်သည်က အတူအိပ်စက်ဖို့အတွက် ကိုယ့်စိတ်ကြိုက် အ၀တ်ဆင်ပေးလို့လည်း ရတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီနာမည် Rose Sheep ဟာ ရိုမန်တစ်ဆန်တဲ့ နှင်းဆီဆိုတာနဲ့၊ အိပ်ပျော်ဖို့အတွက် လူအများ လုပ်ကြတဲ့ သိုးရေတွက်နည်းကို ပေါင်းစပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ye wint

Credit: Trend Myanmar


No comments:

Post a Comment