Monday, November 16, 2015

"အချစ်စစ်တို့ခိုင်မြဲခြင်းရဲ့ Foundation"



"အချစ်စစ်တို့ခိုင်မြဲခြင်းရဲ့ Foundation"

လူငယ်တွေအတွက် ခိုင်မြဲတဲ့အချစ်မျိုး ရနိုင်မလား၊ ဘယ်လိုအချစ်က လက်တွဲမဖြုတ်မဲ့ အချစ်မျိုးလည်း၊ ရေရှည်လက်တွဲဖို့ ဘာတွေလိုမလဲ ဆိုတာလေးတွေ ရေးပေးထားတာပါ။ အချစ်နဲ့ အဆင်ပြေနေကြတဲ့ သူငယ်ချင်းတွေကော၊ အချစ်ခါးခါးနဲ့ ကြုံနေရတဲ့ သူငယ်ချင်းတွေအတွက်ကော၊ အချစ်ကို ရှာဖွေနေဆဲ အင်ဒီယာနာဂျုန်းလို သူငယ်ချင်းတွေအတွက်ကော ရည်ရွယ်ပြီး ဒီပို့စ်လေးကို ဘာသာပြန်လိုက်ပါတယ်။

ဒါအချစ်တဲ့လား……

ကိုယ်နဲ့စိတ်တူကိုယ်တူ လက်တွဲဖော်ကိုရှာရတာ အရမ်းခက်ပါတယ်။ တစ်ခါတစ်လေမှာ ရတာမလို၊ လိုတာမရ အချစ်ဘဝမျိုးလည်း ကြုံရတတ်ပါတယ်။ တော်တော်များများ ချစ်ဇာတ်လမ်းတွေမှာ အပေါ်ယံ ကြည်နူးမှုတွေကြောင့်ပဲ အချစ်စစ်ဟုတ်မဟုတ်ကို မမြင်နိုင် မသိနိုင် ဖြစ်ရတတ်ပါသတဲ့။

အချစ်နှောင်ကြိုး မြဲဖို့ ဘာတွေလိုမလဲ……

အရေးကြီးဆုံးကတော့ တစ်ယောက်အပေါ်တစ်ယောက် ကောင်းဖို့ပါပဲ။ အဲလို မခံစားရဘူးလား။ ဒါဆိုရင်တော့ ဆန်းစစ်ကြည့်ဖို့လိုလာပါပြီ။ သင်နဲ့ သင့်ချစ်သူကြားမှာ ဒီအချက် ၇ ချက် ရှိရဲ့လားလို့ စဉ်းစားကြည့်ပါ။

၁။ ချစ်သူအချင်းချင်း လေးစားမှု (Mutual Respect)

ကိုယ်က တစ်ခုခုကို လုပ်ရတာ၊ ဒါမှမဟုတ် အနေကျုံ့တာ စသည်ဖြင့် ပြောပြတဲ့အခါ ကိုယ့်ချစ်သူက နားလည်ပေးပါသလား။ ချစ်သူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် လေးစား ချစ်ခင်တယ်ဆိုတာက နားလည်မှုအပြည့်နဲ့ တစ်ယောက်ရဲ့ အားနည်းချက်၊ မဖြစ်နိုင်တဲ့ကိစ္စတွေကို အတင်းအကျပ်မလုပ်ယူတဲ့ စိတ်ဓာတ်မျိုး ဖြစ်ပါသတဲ့။

၂။ ယုံကြည်မှု (Trust)

ဥပမာ - ကိုယ့်ချစ်သူက ကိုယ်တခြား ကောင်လေး/ကောင်မလေးတွေနဲ့ စကားပြောတဲ့အခါတို့ ဘာတို့မှာ ကိုယ်က သူ့အပေါ် သစ္စာရှိမှန်းသိရက်နဲ့ သဝန်တို အူတိုတတ်ပါသလား။ တစ်ခါတစ်ရံ သဝန်တိုတတ်တာက ပြဿနာမဟုတ်ပေမယ့် အဲလိုသဝန်တိုတတ်တဲ့ ကိုယ့်ချစ်သူက ဘယ်လိုတုန့်ပြန်သလဲ ဆိုတာက အရေးကြီးတာပါ။ ခိုင်မြဲတဲ့အချစ်မှာ ယုံကြည်မှုက အရေးကြီးပါတယ်။ ကိုယ့်အပေါ်ကို အမြဲ သဝန်တိုပြီး “နင့်ကို ယုံလိုက်မယ် တောထဲမှာ” ဆိုသလို မယုံကြည်တတ်တဲ့ ချစ်သူမျိုးရှိရင် အချစ်ရေးက မဖြောင့်ဖြူးနိုင်ပါဘူး။

၃။ ရိုးသားမှု (Honesty)

ရိုးသားမှုဆိုတာ ယုံကြည်မှုနဲ့ အမြဲဆက်စပ်နေပါတယ်။ ချစ်သူနှစ်ဦးမှာ တစ်ယောက်ယောက်က ရိုးသားမှုကို အလွဲသုံးစားလုပ်နေရင်တော့ ယုံကြည်မှု ပျောက်လာတတ်တာ သဘာဝပါပဲ။ ဥပမာ ကိုယ့်ချစ်သူက စာလုပ်စရာရှိလို့ မတွေ့နိုင်ဘူးလို့ ကိုယ့်ကိုပြောပြီး ကိုယ့်နောက်ကွယ်မှာ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်တယ်ဆိုပါစို့။ နောက်တစ်ခါ သူက အဲလိုပြောလာရင် ကိုယ်က သူ့ကို ယုံကြည်နိုင်ပါဦးမလား။ ခိုင်မာတဲ့ အချစ်ဆိုတာ ရိုးသားမှုနဲ့ တည်ဆောက်ထားတာပါ။

။ အားပေးမှု (Support)

အားပေးတယ်ဆိုတာကလည်း စိတ်ဓာတ်ကျနေချိန်မှ မဟုတ်ပါဘူး။ ကိုယ့်ချစ်သူက ကိုယ့်ဘေးမှာ အမြဲတမ်း ရပ်တည်ပြီး အေးတူပူအမျှ အားပေးနေမယ်ဆို အချစ်ကလည်း အမြဲခိုင်မာနေမှာအမှန်ပဲ။

၅။ မျှတမှု (Fairness/Equality)

ကိုယ့်ချစ်သူကို ကိုယ်ကပဲ အမြဲ ပေးဆပ်နေရလား။ ဒါမှမဟုတ် ကိုယ်ကပဲ ကိုယ့်ချစ်သူကို အမြဲနိုင်နေသလား။ တကယ်တော့ ချစ်သူတွေ အများအားဖြင့် ရန်ဖြစ်တတ်တာက အတ္တတွေကို ရှေ့တန်းတင်ပြီး ကိုယ်ကပဲနိုင်အောင် အလျော့မပေးကြလို့ပါ။ ဒီလိုချစ်တဲ့ ချစ်ပုံပြင်တွေကကော ဖြောင့်ဖြူးနိုင်ပါ့မလား။ အာဏာလုရင်းကနေပဲ အမြဲစစ်တိုက်နေရမယ့် အချစ်မျိုးပဲ။ ဒါကြောင့် သူ့ဖက်ကိုယ့်ဖက် မျှမျှတတရှိဖို့က အရေးကြီးပါတယ်။

၆။ ဟန်ဆောင်မှု ကင်းမဲ့ခြင်း (Separate Identities)

ကိုယ့်ချစ်သူနဲ့ အတူတူရှိနေတဲ့အခါ သူ မကြိုက်မှာစိုးလို့ ကိုယ့်ရဲ့ အကျင့်တွေကို ဟန်ဆောင် ဖုံးကွယ်ထားရလား။ ကိုယ်နေတတ်သလို မနေရဘဲ သူ့အကြိုက် အမြဲလိုက်နေရတာ ပင်ပန်းပါတယ်။ ကိုယ့်လွတ်လပ်မှုနဲ့ ကိုယ်ကြိုက်တာတွေကို မစွန့်လွှတ်ဘဲ နားလည်ပေးတတ်တဲ့ အချစ်စစ်မျိုးက ရေရှည်တည်တံ့ခိုင်မြဲမယ့် အချစ်မျိုးပါ။

၇။ လွယ်လွယ်ကူကူ ပြောဆိုဆက်ဆံနိုင်မှု (Good Communication)

တခါတရံ လူမျိုးကွဲ ဘာသာစကားမတူတဲ့သူတွေ ချစ်ကြိုးသွယ်တဲ့အခါ ပြဿနာမျိုးစုံ တတ်တတ်ပါတယ်။ တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် နားလည်အောင် ရှင်းမပြနိုင်ဘဲ အရာရာကို အောင့်အီး မျိုသိပ်ထားတတ်ကြလို့ပါ။ တကယ်လို့သာ ပွင့်ပွင့်လင်းလင်းနဲ့ ရှင်းရှင်းလင်းလင်းသာ ပြောပြထားနိုင်မယ်ဆိုရင် နားလည်မှု လွဲမှာမဟုတ်ပါဘူး။ သူမကြားချင်တဲ့စကား ဖြစ်မှာစိုးလို့ မပြောဘဲ မျိုသိပ်ထားတာမျိုးက ခိုင်မြဲတဲ့အချစ် ဖြစ်မလာနိုင်စေပါဘူး

ဒီအချက် ၇ ချက်က အချစ်စစ်တို့ ခိုင်မြဲခြင်းရဲ့ Foundation တွေပါပဲ။ တကယ်တော့ ဘယ်သူမျှ အားလုံးကောင်းတယ် ပြည့်စုံတယ်ဆိုတာတော့ မရှိပါဘူး။ ဒါပေမယ့် တတ်နိုင်သလောက် ကိုယ့်ချစ်သူအပေါ် ကောင်းနိုင်သလောက် ကောင်းအောင် စိတ်ထားတတ်ပြီး ချစ်တတ်မယ်ဆိုရင် ချစ်နှောင်ကြိုး ဘယ်အခါဖြတ်ဖြတ် မပြတ်နိုင်ပါ။

Credit: Hnin Nandar


No comments:

Post a Comment