Tuesday, November 10, 2015

"ယောက်ျားလေးအချစ်နှင့် မိန်းကလေးအချစ်"

"ယောက်ျားလေးအချစ်နှင့် မိန်းကလေးအချစ်"

ယောက်ျားလေးများ၏ အချစ်သည် (၁၀၀) မှ စတင်၍ မိန်းကလေးများ၏ အချစ်သည် (၀) မှ စတင်သည်ဟု ကြားခဲ့ဖူးပါသည်။ အမှန်စင်စစ် လေ့လာတွေ့ရှိချက်အရ ၉၀% မှာ မှန်ကန်မှုရှိကြောင်း တွေ့မြင်ရသည်။ ယောက်ျားလေးများ၏ အချစ်သည် (၁၀၀) မှ စတင်သောကြောင့် မြင်မြင်ချင်း ချစ်ခင် မြတ်နိုးတတ်သူများ ဖြစ်သည်။ အချစ်ကို စတင်တွေ့ရာ၌ အရာအားလုံးကို မေ့လျော့တတ်ကြပြီး သူတစ်ဦးတည်းသည်သာ တစ်ဘ၀ဟု ထင်မြင်တတ်ကြသည်။ အချစ်ကို လက်ခံရရှိပြီးသောအခါ အနုတ်လက္ခဏာဖြင့် လျော့ကျလာတတ်သော သဘော ရှိတတ်သည်။ အလိုရှိသော မိန်းကလေး၏ အချစ်ကို ရပြီးသောအခါ စိတ်သည် ပုံမှန် ပြန်လည်ဖြစ်သွားတတ်ပြီး အရာအားလုံးနှင့် အချစ်သည် ပုံသဏ္ဍာန်တစ်ခုတည်းသာလျှင် ဖြစ်တော့သည်။

မိန်းကလေးများမှာ သုညအချစ်မှ စတင်သောကြောင့် လွယ်ကူစွာ ချစ်မြတ်နိုးနိုင်ရန် ခဲယဉ်းပြီး အမှန်တကယ် ချစ်မြတ်နိုးပါကလည်း ယောက်ျားလေးများထက် ပိုမိုသာလွန်စွာ ချစ်တတ်ကြသူများ ဖြစ်သည်။ အချစ်အတွက် ရူးရူးမိုက်မိုက် စွန့်စားရန် ဆန္ဒရှိတတ်ကြပြီး ယောက်ျားလေးများထက် ပိုမို သတ္တိရှိတတ်သူများ ဖြစ်သည်။ အချစ်ကို လက်မခံမီအချိန်၌ သုညသာ ဖြစ်နေသော မိန်းကလေးများသည် အချစ်ကို လက်ခံပြီးသောအခါ အပေါင်းလက္ခဏာဖြင့် တိုးမြှင့်လာတတ်သောကြောင့် မိန်းကလေးများသည် ချစ်မိပြီဆိုပါက ချစ်သူသည် အရာရာထက် ပိုအရေးကြီးနေတတ်သူများ ဖြစ်ပါသည်။ ချစ်သူ ၂ ဦး၏ အချစ်ရာနှုန်း (၅၀) ကွက်တိ ကျနေတတ်သောအခါ မိုးမမြင်လေမမြင် ချစ်နေတတ်သော သဘောကို တွေ့မြင်ရတတ်သည်။ အဆိုပါ အရာအားလုံးတို့သည် မှန်ကန်သည့်သဘောတော့ မရှိတတ်ပါ။ တခါတရံတွင်တော့ ပြောင်းပြန်သဘော ပြောင်းလဲမှုများကို တွေ့မြင်ရတတ်ပြီး ကမောက်ကမနိုင်မှုများလည်း ရှိတတ်သည်။ နားလည်မှုဖြင့် တည်ဆောက်ထားသော ချစ်သူများအတွက် (၅၀/၅၀) သည် အချိန်ကြာမြင့်နေတတ်ပြီး ချစ်ခြင်းနှင့် အိမ်ထောင်ရေးတွင် ၂ ဦးစလုံး၏ နားလည်မှုနှင့် အတွေးအခေါ် ရင့်ကျက်ပါက သေတပန်သက်တဆုံး (၅၀/၅၀) ဖြစ်နေတတ်ပါသည်။


No comments:

Post a Comment