Friday, November 13, 2015

"ပေါင်ချိန်လွန်းသော မိန်းကလေးတွေ ကိုယ့်ကိုယ်ကိုယ် မကျေမနပ်ဖြင့် ဘ၀ကို ဖြတ်သန်းရတတ်"

"ပေါင်ချိန်လွန်းသော မိန်းကလေးတွေ ကိုယ့်ကိုယ်ကိုယ် မကျေမနပ်ဖြင့် ဘ၀ကို ဖြတ်သန်းရတတ်"

အမြဲ သွယ်လျလှပနေလိုသော စိတ်ကြောင့် မကြာမကြာ ပေါင်ချိန်စက်ပေါ်တက်ကာ ၀ိတ်ချိန်သော ဆယ်ကျော်သက် မိန်းကလေးများ ကိုယ့်ကိုယ်ကိုယ် အားမရနိုင်သည့် စိတ်ဝေဒနာ ပိုခံစားရနိုင်ကြောင်း လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။

ပေါင်ချိန် တက်လာပြန်ပြီ၊ ကျသွားပြန်ပြီနဲ့ နေ့တိုင်းလိုလို သောကများနေရခြင်းကြောင့် ထိုမိန်းကလေးများသည် စိတ်ကျဝေဒနာ၊ မိမိကိုယ်ကိုယ် မနှစ်သက်နိုင်တော့သည့် စိတ်ရောဂါရှင်များ ဖြစ်လာဖို့ ပိုနီးစပ်ကြောင်း သုတေသီတို့က ဆိုသည်။

“မကြာမကြာ ပေါင်ချိန်တတ်တဲ့ မိန်းကလေးတွေဟာ အလှအပကို ပုံမှန်ထက် ပိုမက်မောစိတ် ဖြစ်လာသလို၊ ၀ိတ်တက်လာရင် ဆောက်တည်ရာမရတွေ ဖြစ်ပြီး ညစာမစားဘဲ နေတာမျိုးထိ လုပ်တတ်ကြပါတယ်” ဟု လေ့လာမှု စစ်တမ်း ထုတ်ပြန်ခဲ့သည့် အမေရိကန်နိုင်ငံ မင်နီယာပါးလစ်မြို့ရှိ မင်နီဆိုးတား တက္ကသိုလ်မှ သုတေသီ ကာလီအာပါကာနိုစကီက ပြောသည်။

စစ်တမ်းအဖွဲ့သည် ဆယ်ကျော်သက် မိန်းကလေးပေါင်း (၂၀၀၀) ကျော်ကို ဆယ်နှစ်နီးပါး စောင့်ကြည့်ခဲ့သည်။ ၁၉၉၈ တွင် ထိုမိန်းကလေးများ အလယ်တန်း၊ အထက်တန်းကျောင်းသူ ဘ၀၌ ကိုယ်အလေးချိန်နှင့် ကိုယ့်ကိုယ့်ကိုယ် သဘောထားများကို စစ်တမ်းကောက်ယူသည်။ မိန်းကလေးများ ဆယ်ကျော်သက်အရွယ် ရောက်လာသည့် ၂၀၀၃ နှင့် ၂၀၀၈ တို့တွင် ကိုယ်လေးချိန်နှင့် သဘောထား စစ်တမ်းနှစ်ကြိမ် ထပ်ကောက်သည်။

ထိုအခါ မကြာမကြာ ပေါင်ချိန်သည်ဟု ဆိုသော ဆယ်ကျော်သက် မိန်းကလေးများသည် ပေါင်ချိန်တက်လာတိုင်း စိတ်ဓာတ်ကျကာ စိတ်ဂယောက်ဂယက်ဖြင့် အစားအသောက်မမှန်၊ အစားအသောက် ရှောင်တာတွေ အများဆုံး လုပ်မိကြကြောင်း တွေ့ရသည်။ ထိုသို့ဖြစ်ခြင်းသည် ကိုယ်အလေးချိန်ဆိုင်ရာ မူမှန်စိတ် ကစဥ့်ကလျား ဖြစ်ခြင်းဟု စစ်တမ်းကဆိုသည်။

စစ်တမ်းရလဒ်များကို Nutrition Education and Behavior ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။

Source: Reuters

Credit: messenger


No comments:

Post a Comment